Tuesday, July 2, 2019

ပီရူးအသင်းကို ရှုံးနိမ့်၍ စိတ်ပျက်ဟု ဥရုဂွေးနည်းပြတာဘာရက်ဇ်ပြောကြား

ဂိုးမရှိသရေကျပြီး နောက် ပင်နယ်တီအဆုံးအဖြတ် ယူရာတွင် ပီရူးကို ၅-၄ ဂိုးဖြင့်ရှုံး နိမ့်မှုသည် ကြီးမားသောစိတ်ပျက် စရာဖြစ်ကြောင်း ဥရုဂွေးနည်းပြ တာဘာရက်ဇ်က ပြောသည်။ ကိုပါအမေရိကဖလားတွင် (၁၅) ကြိမ်ဗိုလ်စွဲပြီး အအောင်မြင် ဆုံး အသင်းအဖြစ် ရပ်တည်နေ သော ဥရုဂွေးသည် ယင်းပွဲတွင် သာမန်ပွဲကစားချိန်အတွင်း သုံးဂိုး သွင်းယူသော်လည်း ဗီဒီယိုအကူ ဒိုင်လူကြီးစနစ် (VAR) က ခွင့်မ ပြုခဲ့ပေ။



ပင်နယ်တီအဆုံအးဖြတ် ကန်သွင်းရာတွင် ဥရုဂွေးထာဝရ ဂိုးသွင်းဘုရင် ဆွာရက်ဇ်၏ ပထမ ဆုံးကန်ချက်ကို ပီရူးဂိုးသမားဂယ် လီဆီက ပုတ်ထုတ်ကာကွယ်ခဲ့ပြီး ကျန်ပင်နယ်တီအားလုံး ဂိုးဝင်ခဲ့ သည်။ ရှုံးနိမ့်ပြီးနောက် ဆွာရက်ဇ် သည် ၎င်း၏အင်္ကျီဖြင့် မျက်နှာကို ဖုံးအုပ်ကာ ငိုကြွေးခဲ့ရာအသင်း ဖော်များက ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ သည်။

‘‘ဆွာရက်ဇ်က ပင်နယ်တီလွဲ လို့ တအားဝမ်းနည်းခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ဘောလုံးနဲ့ဘဝပဲ လေ။ တစ်ခါတလေကိုယ်ကနိုင် တယ်။ တစ်ခါတလေ ကိုယ်ကရှုံး တယ်၊ အရင်တုန်းက ကျွန်တော် တို့ ကိုပါအမေရိကဖလား ဆွတ် ခူးခဲ့တယ်။ ဒါပေမဲ့ ဒီနေ့တော့ ပြိုင်ပွဲက ထွက်ရပြီဆိုတာ လက်ခံ ရပါမယ်’’ ဟု ဥရုဂွေးတိုက်စစ်မှူး ကာဗာနီက ပြောသည်။

ပီရူးသည် အကြိုဗိုလ်လုပွဲ တွင် အိမ်နီးချင်း ချီလီနှင့်ကစားရ မည်ဖြစ်သည်။

‘‘ပြောစရာစကားတောင်ရှာ မရဘူး။ အလွန်ပဲဂုဏ်ယူမိပါ တယ်’’ ဟု ပီရူးဝါရင့်တိုက်စစ်မှူး ဂွာရဲရိုးက ပြောသည်။

ကိုပါအကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲတွင် လိုအပ်ပါက အချိန် ပို ကစားမည်ဖြစ်သော်လည်း ကွာတားဖိုင်နယ်၌ အချိန်ပို မကစားဘဲ ပင်နယ်တီအဆုံးအ ဖြတ်ခံယူခြင်းဖြစ်ပြီး ဥရုဂွေးသည် ပါရာဂွေးနှင့် ကိုလံဘီယာပြီး နောက် ပင်နယ်တီအဆုံးအဖြတ် ဖြင့် ရှုံးနိမ့်သော တတိယမြောက် အသင်းဖြစ်လာသည်။ ‘‘ဒါက ကြီးမားတဲ့ စိတ်ပျက် စရာပါ။ အရှုံးကို လက်ခံရမှာဖြစ် ပြီး ပီရူးကစားသမားတွေကို ဂုဏ် ပြုရပါမယ်။ သူတို့က စည်းမျဉ်း စည်းကမ်းတွေကို ဘာတစ်ခုမှ မ ဆန့်ကျင်ခဲ့ပါဘူး’’ ဟု တာဘာ ရက်ဇ်က ပြောသည်။

No comments:

Post a Comment