Tuesday, July 2, 2019

မက်ဆီကို ဘရာဇီးက စိုးရိမ်နေဆဲဟု နောက်ခံလူ သီယာဂိုဆေးလ်ဗား ပြောကြား

ကိုပါအမေရိက ဖလားပြိုင်ပွဲတွင် အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ သည် ၎င်း၏ အကောင်းဆုံး ခြေ စွမ်းမျိုး မပြသနိုင်သော်လည်း ဗုဒ္ဓဟူးနေ့ နံနက်ယှဉ်ပြိုင်ရမည့် ဆီမီးဖိုင်နယ်ပွဲ၌ ၎င်းကို လုံးဝလွှတ်ပေး၍မရဟု ဘရာဇီးနောက်ခံလူ သီယာဂိုဆေးလ်ဗားက ပြော သည်။ ‘‘သူဟာ ကမ္ဘာ့အကောင်း ဆုံး ကစားသမားပါ။ ပြီးတော့သူ ဟာ ရုတ်တရက် အလျင်အမြန် လှုပ်ရှားနိုင်တုန်းပါပဲ’’ဟု ဘရာဇီးက ၃-၀ ဂိုးဖြင့် နိုင်ခဲ့သော ၂၀၀၇ ဗိုလ်လုပွဲနောက်ပိုင်း ယင်းဘောလုံးထိပ်သီးနှစ်သင်းကြား ပထမဆုံး ကိုပါဖလားတွင် တွေ့ဆုံပွဲမတိုင်မီ စနေနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအတွင်း ဆေးလ်ဗားကပြောသည်။



မက်ဆီသည်ယခုပြိုင်ပွဲတွင် ပင်နယ်တီမှတစ်ဆင့် တစ်ဂိုးသွင်း ထားပြီး ၎င်းသည် အကောင်းဆုံးပုံစံ ရှိမနေကြောင်း ဝန်ခံထားသည်။ သို့သော် ဆေးလ်ဗားက မက်ဆီသည် ပွဲကစားစဉ် လမ်းလျှောက်နေသော အနေအထားမှနေ၍ ရုတ်တရက်အလျင်အမြန် တန်ပြန်တိုက်စစ်မှ ခြိမ်းခြောက် အန္တရာယ်ပေးနိုင်သူဖြစ်၍ အထူး သတိထားရမည့် ကစားသမားဖြစ်သည်ဟု ပြောသည်။

ဘရာဇီးတွင် အာဂျင်တီးနား ကို ရင်ဆိုင်ရမည့်ပွဲအတွက် ဘယ် နောက်ခံလူ ဖီးလစ်လူးဝစ် ပေါင် ဒဏ်ရာကြောင့် ပါဝင်ရန် မသေ ချာပေ။ အက်သလက်တီကို နောက်ခံလူ ဖီးလစ်လူးဝစ်သည် ပါရာဂွေးနှင့်ပွဲတွင် ပေါင်ဒဏ်ရာ ရခဲ့သော်လည်း ကြီးမားသောဒဏ် ရာမဟုတ်ဟု ဘရာဇီးနည်းပြ တိုက်က ပြောကြားသည်။ သို့ သော် ၎င်းသည် စနေနေ့က ဘရာ ဇီးအသင်းသားများ၏ လေ့ကျင့် ရေးအစီအစဉ်တွင် ပါဝင်ခြင်းမရှိ ခဲ့ပေ။

သို့သော် ဘရာဇီးတွင် ရစ် ချက်လီဆင် လေ့ကျင့်ခန်းပြန် ဆင်းနေပြီး မန်စီးတီးကွင်းလယ် လူ ဖာနန်ဒင်ဟိုသည် ဗင်နီဇွဲလားနှင့်ပွဲ၌ ရရှိသောဒဏ်ရာကြောင့် လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိသေးပေ။

No comments:

Post a Comment