Tuesday, July 2, 2019

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းထံ ကျပ်သိန်း ၃၀၀ လှူဒါန်းခြင်းသည် မဟနဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်ဟု အစိုးရထုတ်ပြန်

တရားမဝင်ဟု သတ် မှတ်ထားသော ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းထံ ကျပ်သိန်း ၃၀၀ လှူဒါန်းခြင်းသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက် သည့် လုပ်ရပ်ဖြစ်ကြောင်း သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က ထုတ်ပြန်သည်။ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနက ‘သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအ တွက် ဝိုင်းဝန်းကူညီဆောင်ရွက် ရန် လိုအပ်’ ခေါင်းစဉ်ဖြင့် ဝရမ်း ပြေးဖြစ်နေသော ဦးဝီရသူအ ကြောင်း၊ ဗုဒ္ဓဓမ္မပရဟိတဖောင် ဒေးရှင်း နှစ်ပတ်လည် စုံညီပွဲအ ကြောင်းနှင့် အဆိုပါဖောင်ဒေးရှင်း ကို ကျပ်သိန်း ၃၀၀ လှူဒါန်းမှုအကြောင်းအရာများအပါအဝင် ၂၈ ချက်ပါဝင်သော ထုတ်ပြန် ချက်ကို ဇွန်လ ၂၇ ရက်စွဲဖြင့်  ထုတ်ပြန်ထားသည်။



ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေး ရှင်း နှစ်ပတ်လည်စုံညီဆွေးနွေး ပွဲတွင် ဒုဥက္ကဋ္ဌ-၂ ဇွဲကပင် မဲ ဘောင်ကျောင်းမှ ဘဒ္ဒန္တကဝိဓဇ က ဝရမ်းပြေးကြေညာခြင်းခံထား ရသော ဦးဝီရသူကို သာသနာ့သူရဲ ကောင်းဟု မသင့်မလျော် ပြောကြားကြောင်း၊ ထို့အပြင် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့က တရားမဝင်ဟု သတ်မှတ်ထား သော အဖွဲ့ထံ အဖွဲ့အစည်းကြီး တစ်ခုက ကျပ်သိန်း ၃၀၀ လှူဒါန်းခြင်းသည် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့၏ ဆုံးဖြတ် ချက်ကို ဆန့်ကျင်ရာရောက်သော လုပ်ရပ်ဖြစ်ကြောင်း အများပြည် သူက ရှုမြင်ကြသည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဖွဲ့အစည်းကြီးဟု အမည် မဖော်ပြဘဲ ထုတ်ပြန်သော်လည်း မဘသအဖွဲ့ကို အမည်ပြောင်းဖွဲ့ စည်းထားသော ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း၏ ဇွန်လ ၁၆ ရက်နှင့် ၁၇ ရက်တွင် ပြုလုပ်သော နှစ်ပတ်လည် တွေ့ဆုံပွဲ၌ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက အရပ်ဝတ်ဖြင့် တက် ရောက်ပြီး အလှူငွေကျပ်သိန်း ၃၀၀ ကို ရွာမဆရာတော်ထံ လှူ ဒါန်းခဲ့သည်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေး ရှင်းသို့ ကျပ်သိန်း ၃၀၀ လှူဒါန်း ခြင်းသည် အမျိုးဘာသာသာသ နာစောင့်ရှောက်ရေးလုပ်ငန်းအ ပါအ၀င် ဖောင်ဒေးရှင်း၏ ရည် ရွယ်ချက်ကြောင့် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေး ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇွန် လ ၂၂ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌  ပြောကြားသည်။

သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနက ထုတ်ပြန်ထား မှုအပေါ် ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းထံ ဆက်သွယ်မေးမြန်းရာ ‘‘ဘာမှတ်ချက်မှ မပေးချင်ပါဘူး ဗျာ။ သတင်းစာရှင်းလင်းပွဲမှာ လည်း ပြောပြီးသားပါ’’ ဟု ဇွန်လ ၃၀ ရက်တွင် 7Day Daily သတင်းစာအား ပြောသည်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေး ရှင်းအခမ်းအနားတွင် လက်ရှိ ဒီမိုကရေစီအစိုးရကို ဆန္ဒမဲမပေး ဘဲ ရတဲ့နည်းနဲ့ ဆန့်ကျင်တွန်းလှန် ဖယ်ရှားပစ်ဖို့ အစရှိသော ကြေညာချက်များသည် တရားမဝင်သည့် အသင်းအဖွဲ့တစ်ခုက အများပြည်သူရွေးချယ်တင်မြှောက်ထား သည့် ဒီမိုကရေစီအစိုးရအား ဖျက်လိုဖျက်ဆီးဆောင်ရွက်ရန် စိန်ခေါ်သည့် ပြယုဂ်တစ်ခုဖြစ်၍ အများ ပြည်သူက စောင့်ကြည့်တားဆီး ကာကွယ်ရန် လိုအပ်ကြောင်း လည်း သာသနာရေးဝန်ကြီးဌာန က တိုက်တွန်းသည်။

ထို့အပြင် တရားမဝင်အဖွဲ့ အစည်းများ၏ လောကဓမ္မနှင့် ဆန့်ကျင်သော လုပ်ဆောင်ချက် များသည် သမိုင်းတွင်ကျန်ခဲ့မည် ကို အထူးသတိချပ်သင့်ပါကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အမျိုးသားရေး ခေါင်းစဉ် တပ်၍ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေး အစရှိသော အရေးအရာများကို ရှုပ်ထွေး အောင် ဆောင်ရွက်သည့် ရဟန်းများနှင့် မြန်မာနိုင်ငံ လွတ်လပ် ရေးကြိုးပမ်းစဉ် အချိန်ကာလက အမျိုးသားရေးဝံသာနုရက္ခိတစိတ် ဖြင့် လွတ်လပ်ရေးရရှိအောင် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည့် ဆရာ တော်ဦးဥတ္တမ၏ ဆောင်ရွက်ချက် များသည် မည်သို့မျှ ထပ်တူနှိုင်း ယှဉ်ပြောကြား၍ မရနိုင်သည်ကို သတိပြုသင့်ကြောင်း ထုတ်ပြန် သည်။ ထို့အပြင် အမျိုးဘာသာ သာသနာကို အကြောင်းပြု၍ အ ခြေအနေအရပ်ရပ်ကို ရှုပ်ထွေး အောင် ဆောင်ရွက်နေသည့် တရားမဝင်အဖွဲ့အစည်းများကို အချိန်မီ ရှင်းလင်းဖယ်ရှားခြင်း မပြုနိုင်ပါက အမျိုးဘာသာ သာသ နာ၏ ဂုဏ်သိက္ခာသည် အဖတ် ဆယ်၍ မရအောင် ထိခိုက်ကျ ဆင်းနိုင်သည် ဆိုသည်။ ထို့ကြောင့် သာသနာတော် ကြီး သန့်ရှင်းစွာဖြင့် အရှည်တည် တံ့ပြန့်ပွားရေး ပြည်သူတစ်ရပ် လုံးက ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ရန် အချိန်တန်ပြီ ဖြစ် ကြောင်း နှိုးဆော်ထားသည်။

No comments:

Post a Comment