Tuesday, July 2, 2019

ဗြိတိန်က ဟောင်ကောင်အား တရုတ်ထံ လွှဲပေးမှု နှစ်ပတ်လည်တွင် ဟောင်ကောင်၌ ရဲများနှင့် ဆန္ဒပြသူများအကြား အကြမ်းဖက်ပဋိပက္ခ ဖြစ်ပွား

ဇူလိုင် ၁ ရက်တွင် ဟောင်ကောင်၌ အစိုးရဌာနချုပ် အပြင်ဘက် လမ်းများတွင် ဆန္ဒပြသူများ စုဝေးနေကြစဉ် (Photo: AFP)ျဗိတိန္က ဟောင်ကောင်ကျွန်းစုအား တရုတ်ထံ လွှဲပေးခဲ့သော နှစ်ပတ်လည်နေ့ ဖြစ်သည့် ဇူလိုင် ၁ ရက်တွင် ဟောင်ကောင်၌ ပါလီမန် အဆောက်အအုံထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် အစိုးရဆန့်ကျင် ဆန္ဒပြသူများနှင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲများအကြား အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ရာဇဝတ်သားဟု သံသယရှိသူများအား တရုတ်ပြည်မကြီးသို့ လွှဲပြောင်းခွင့်ပြုမည့် အငြင်းပွားဖွယ် ဥပဒေကြမ်းကို ရုပ်သိမ်းပေးရန် ပြီးခဲ့သော သီတင်းပတ် သုံးပတ်တွင် တောင်းဆို ဆန္ဒပြမှုများကြောင့် အလွန်အမင်း ရိုက်ခတ်မှု ကြုံတွေ့ခဲ့ရသော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍဍာရေး ဗဟိုချက် ဟောင်ကောင်တွင် ဒေါသထွက်နေကြသော ထိုမြင်ကွင်းများသည် တင်းမာမှုများကို အရှိန်အဟုန် မြင့်တက်စေခဲ့သည်။

ဒီမိုကရေစီ လိုလားသည့် တက်ကြွလှုပ်ရှားသူများကလည်း ဇူလိုင် ၁ ရက် မွန်းလွဲတွင် ဟောင်ကောင်မြို့ တစ်ဝန်း၌ နောက်ထပ် ဧရာမ ချီတက်မှုတစ်ခုကို လုပ်ဆောင်ခဲ့သည်။ သို့သော် ယင်းနေ့ နံနက်တွင် အဓိက ကျသော အဝေးပြေးလမ်းမ သုံးခုအား ပိတ်ဆို့ခဲ့သည့် အဓိကအားဖြင့် လူငယ်များနှင့် နှာခေါင်းစည်းတပ် ဆန္ဒပြသူများ ပါဝင်သည့် အဖွဲ့ငယ်များ၏ ဆန္ဒပြမှုက ပိုမိုထင်ရှားခဲ့သည်။ ဟောင်ကောင်တွင် သီတင်းပတ် နှစ်ပတ်ကြာ အတော်အသင့် ငြိမ်သက်ခဲ့ပြီးနောက် ယခုဆန္ဒပြမှုတွင် ရဲများနှင့် ပဋိပက္ခများ ထပ်မံ ဖြစ်ပွားခဲ့သည်။

ဟောင်ကောင် ပါလီမန် အဆောက်အအုံထဲသို့ ဝင်ရောက်နိုင်ရန် ဆန္ဒပြသူများက ပြတင်းမှန်များအား ရိုက်ခွဲပြီး ကြိုးပမ်းခဲ့ကြသည်။ အဆောက်အအုံထဲရှိ အဓိကရုဏ်း နှိမ်နင်းရေးရဲများက ထိုဆန္ဒပြသူများအား ငရုတ်ကောင်းရည်များဖြင့် ပက်ဖျန်းခဲ့ရာ ゞင်းတို့က ထီးများဖြင့် ကွယ်ခဲ့ကြသည်။ ဒီမိုကရေစီ လိုလားသော ဥပဒေပြု အမတ်အချို့က ကြားဝင်ဖြန်ဖြေပေးရန် ကြိုးပမ်းခဲ့သော်လည်း ဆန္ဒပြသူများအား ထွက်ခွာသွားရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်တွင် ဗြိတိန်က ဟောင်ကောင်အား တရုတ်ထံ လွှဲပေးခဲ့သော်လည်း တစ်နိုင်ငံ စနစ်နှစ်မျိုးဟု လူသိများသော စီစဉ်ထားမှု တစ်ခုအရ ထိုအခမ်းအနားအား သီးခြားစီ ကျင်းပနေဆဲ ဖြစ်သည်။ အာဏာရှင်ဆန်သော တရုတ်ပြည်မကြီးတွင် မမြင်ဖူးသော အခွင့်အရေးများနှင့် လွတ်လပ်မှုများကို ဟောင်ကောင် ပြည်သူများက ခံစားနေရသော်လည်း ဒေသခံ အများအပြားကမူ တရုတ်သည် ထိုသဘောတူညီချက်တွင် ကတိပျက်နေပြီ ဖြစ်ကြောင်း စိုးရိမ်နေကြသည်။

ဟောင်ကောင်တွင် တက်ကြွလှုပ်ရှားသူများသည် ဗြိတိန်က တရုတ်ထံ လွှဲပေးမှု နှစ်ပတ်လည် ချီတက်မှုကို နှစ်စဉ်ပြုလုပ်ခဲ့ပြီး ဟောင်ကောင် အုပ်ချုပ်ရေးမှူးအား ရွေးချယ်ရန် အခွင့်အရေးကဲ့သို့ ဒီမိုကရေစီနည်းကျ လွတ်လပ်ခွင့်များ တိုးမြှင့်ပေးရန်အတွက် တောင်းဆိုခဲ့ကြသည်။ ၂၀၁၄ ခုနှစ်တွင် ဟောင်ကောင်မြို့လယ်၏ အစိတ်အပိုင်းများကို နှစ်ပတ်ကြာ သိမ်းပိုက်ထားမှု အပါအဝင် ゞင်းတို့သည် မကြာသေးမီ နှစ်များအတွင်း ဧရာမ စုဝေးချီတက်မှုများ ပြုလုပ်ရန် လှုံ့ဆော်နိုင်ခဲ့သော်လည်း တရုတ်ထံမှ မည်သည့် အလျှော့ပေးမှုမျှ မရခဲ့ပေ။

No comments:

Post a Comment