Wednesday, May 15, 2019

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင် သောင်းဂဏန်းရှိလာပြီဟု သူရဦးရွှေမန်း ပြော

 ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီ တည်ထောင်ပြီး နောက် ရက်ပိုင်းအတွင်း ပါတီသို့ ၀င်ရောက်လာသူ သောင်းဂဏန်း ခန့်ရှိလာပြီး လက်ရှိအနေအထား အရ ထိပ်တန်းပါတီအဆင့်တွင် ရောက်ရှိလာပြီဟုဆိုနိုင်ကြောင်း ယင်းပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းက ပြောသည်။ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ ဌာနချုပ်ကို နေပြည် တော်ရှိ သူရဦးရွှေမန်းနေအိမ်တွင် မေလ ၅ ရက်က ဖွင့်လှစ်ပြီးနောက် တိုင်းနှင့် ပြည်နယ်အဆင့် ပထမ ဆုံးပါတီရုံးခန်းဖွင့်ပွဲကို ယမန်နေ့ က ပဲခူးမြို့၌ ကျင်းပရာ ၎င်းကအ ထက်ပါအတိုင်း ပြောသည်။



‘‘ဒီနေ့ ဒီပါတီကြည့်လိုက်တဲ့ အခါမှာ သိပ်တော့မခေဘူး။ ကြည့်လိုက်တာနဲ့ ၁၂၃ တော့ ၀င် နေပြီ။ ဒီနေ့အခမ်းအနားဖွင့်လိုက် တယ်။ ဒီနေ့လူတွေ လာတယ်။ (ပါတီဝင်) အဆိုပြုလွှာတွေ ပေး တယ်။ ရက်ပိုင်းပဲရှိသေးတယ်။ ဒီပါတီကို မှတ်ပုံတင်ခွင့်ပြုတာ ၁၉ ရက်ပဲ ရှိသေးတယ်။ ပါတီဝင် အဆိုပြုလွှာထောင်နဲ့၊ သောင်းနဲ့ ကျွန်တော်တို့ရနေပြီ။ ဒါတောင် ကျွန်တော်တို့ပါတီ အကြောင်းကို ဂဃနဏမသိတဲ့ သူတွေရှိသေး တယ်’’ဟု သူရဦးရွှေမန်းက ပြော ကြားသည်။

သို့သော် လတ်တလော ပါ တီဝင်ရောက်ရန် အဆိုပြုလွှာပေး အပ်ထားသူ စာရင်းကို စိစစ်နေဆဲ ဖြစ်၍ အတိအကျပြောရန် အခက် အခဲရှိကြောင်း ၎င်းက သတင်း ထောက်များအား ပြောသည်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါ တီသို့ ၀င်ရောက်ရန် လူကိုယ်တိုင် ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ အဆို ပြုလွှာလွယ်ကူစွာ ပေးပို့နိုင်ရန် စီ စဉ်ထားပြီး (၁၈)နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားများ ဆန္ဒရှိပါက ပါတီဝင်နိုင်သည်ဟုဆိုသည်။

သို့သော် အခြားပါတီများ၌ ပါတီဝင်အဖြစ် လက်ရှိဆောင် ရွက်နေသူများကို ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီသို့ဝင် ရောက်ရေး စည်းရုံးခြင်းမပြုရန် သူရဦးရွှေမန်းက ပဲခူးတိုင်းရှိတိုင်း အဆင့်နှင့် မြို့နယ်အဆင့် ပါတီတာဝန်ရှိသူများအား သတိပေးသည်။ ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီသည် အခြားနိုင်ငံရေးပါတီများ အင်အားနည်း စေရန် တည်ထောင်သည့် ပါတီမဟုတ်ဟု ၎င်းက ဆိုသည်။ ထို့အပြင် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီအနေ ဖြင့် နိုင်ငံ့ကောင်းကျိုးဆောင်ရွက် လိုသော ပါတီအဖြစ် အစမ်းသပ် ခံ အစစ်ဆေးခံမည်ဖြစ်ပြီး ပါတီ ခေါင်းဆောင်ဖြစ်သော ၎င်းကိုယ် တိုင်လည်း ပိုင်ဆိုင်မှုများ ကြေ ညာရန် အဆင်သင့်ရှိသည်ဟု သူရဦးရွှေမန်းက ဆက်လက်ပြော သည်။

No comments:

Post a Comment