Wednesday, May 15, 2019

၁၈ နှစ်ကြာ ရိုးမားကစားသမားဘဝကို ဒီရော့စီ အဆုံးသတ်မည်

ရိုးမားအသင်းကွင်းလယ် လူ ဒီရော့စီ (၃၅)နှစ်သည် ရိုးမား ၌ (၁၈)နှစ်ကြာ ကစားခဲ့ပြီးနောက် ယခုနှစ် ရာသီကုန်တွင် အသင်းမှ ထွက်ခွာမည်ဖြစ်သည်။  ရိုးမားကစားသမားဘဝ (၁၈)နှစ်တာအတွင်း ပြိုင်ပွဲစုံ ၆၁၅ ပွဲ ကစားပြီး ၆၃ ဂိုး သွင်းယူပေးခဲ့ သော အီတလီလက်ရွေးစင် ဟောင်း ဒီရော့စီသည် ဘောလုံးသမားဘဝကို ရိုးမားအသင်း၌သာ ကုန်ဆုံးခဲ့သူဖြစ်သည်။



စီးရီးအေနောက်ပွဲစဉ်အဖြစ် ပါးမားကို အိမ်ကွင်း၌ လက်ခံ ကစားမည့်ပွဲသည် ဒီရော့စီ၏ နောက်ဆုံးပွဲဖြစ်လာမည်ဟု ထုတ်ပြန်ချက်တစ်စောင်တွင် ရိုးမားအ သင်းက အတည်ပြုသည်။ ၂၀၀၀ ပြည့်နှစ်က ဆယ် ကျော်သက်ကစားသမားဘဝတွင် Ostin Mare မှ ရောက်လာသော ဒီရော့စီအနေဖြင့် အသင်းမှ ထွက် ခွာပြီးပါက အခြားအသင်း၌ ဘောလုံးဆက်ကစားမည်ဟု ရိုးမားအ သင်းက ထပ်လောင်းပြောသည်။

‘‘ပါးမားနဲ့ပွဲမှာ သူ့အနေနဲ့ ရိုးမားဝတ်စုံကို နောက်ဆုံးဝတ် ဆင်ကစားတဲ့အခါ ကျွန်တော်တို့ အားလုံး ငိုရဦးမှာပါ။ ဒါပေမဲ့ သူ့ ရဲ့ ကစားသမားဘဝ ရှေ့ဆက် ချင်တဲ့ ဆန္ဒကိုတော့ လေးစားပါ တယ်’’ဟု ရိုးမားဥက္ကဋ္ဌ ဂျိမ်းစ်ပယ် လော့တာက ပြောသည်။

‘‘အသင်းအတွက် မယုံကြည်နိုင်စရာ် မြှုပ်နှံပေးခဲ့လို့ သူ့ကို ကျေးဇူးတင်ပါတယ်။ ကဏ္ဍသစ် တစ်ခုကနေ သူပြန်လာချင်တယ် ဆိုရင်လည်း ကျွန်တော်တို့ အမြဲတမ်း တံခါးဖွင့်ထားပါတယ်။ သူဟာ ၁၈ နှစ်တာအတွင်း ရိုးမားအသင်းရဲ့ နှလုံးစည်းချက်သံဖြစ် ခဲ့ပါတယ်’’ဟု ပယ်လော့တာက ထပ်လောင်းပြောသည်။ ရိုးမားနှင့်အတူ ကိုပါအီတာ လီယာဖလား နှစ်ကြိမ်ဆွတ်ခူးခဲ့ သော ဒီရော့စီသည် အီတလီအ သင်းအတွက် ၁၁၇ ပွဲတွင် ၂၁ ဂိုးသွင်းယူခဲ့ပြီး ၂၀၁၇ က နိုင်ငံ တကာ ဘောလုံးသမားဘဝမှ အနားယူခဲ့သည်။ ဒီရော့စီသည် ၂၀၀၆ ကမ္ဘာ့ဖလားရခဲ့စဉ်က နည်းပြမာဆယ်လိုလစ်ပီ၏ အီတ လီအသင်းတွင် အသက်အငယ် ဆုံး ကစားသမားဖြစ်ခဲ့ပြီး ယင်းအ ချိန်က အသက် (၂၂)နှစ်သာ ရှိသေးသည်။

No comments:

Post a Comment