Wednesday, May 15, 2019

ခရီးသည်များထိခိုက်ဒဏ်ရာမရရှိဘဲ ဘေးအန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့သော Myanmar National Airlines မှ လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးခရီးသည္မ်ားထိခိုက္ဒဏ္ရာမရရွိဘဲ ဘေးအန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့သော လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် Myanmar National Airlines လေကြောင်းလိုင်းမှ လေယာဉ်အမှတ် XY – AGQ ၊ Embraer 190 ခရီးသည် တင်လေယာဉ်၊ ခရီးစဉ်အမှတ် (ယူဘီ-၁၀၃)သည် လေယာဉ်အမှုထမ်း ခုနစ်ဦးနှင့် ခရီး သည် ၈၂ ဦးတင်ဆောင်ပြီး မေ ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မှမန္တလေးသို့ ပျံသန်းလာရာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့အဆင်း၌ Nose Landing Gear ချမရဘဲ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ဖော်ပြပါရှိသည်။


ထိုသို့ဆင်းသက်ရာတွင် အဆိုပါလေယာဉ်၏ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်သည် လေဆိပ်သို့ ဆင်းသက်ချိန်၌ Nose Landing Gear မကျသဖြင့် Emergency Procedure အသုံးပြု၍ ဘီးချခဲ့သော်လည်း မကျသဖြင့် Main Landing Gear နှစ်ခုကို သာအသုံးပြုပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ဆုံးဖြတ်ချက်မှန်ကန်စွာ ဆင်းသက်နိုင်ခဲ့ခြင်း၊ ဘေးအန္တရာယ်မတော်တဆမှုအား ရင်ဆိုင်ကြုံတွေ့ချိန်တွင် လေယာဉ်မှူးကြီးနှင့် လေယာဉ်အမှုထမ်းများက ခရီးသည်များအား ဦးဆောင်မှုမှန်ကန်စွာဖြင့် အခြေအနေကို ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများအားလုံး တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လေယာဉ်ပျက်စီးမှု အနည်းငယ်ဖြင့် မြေပြင်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းပြီး ထိခိုက်ဒဏ်ရာရရှိခဲ့မှုမရှိခြင်းနှင့် လေယာဉ်ပျက်စီးဆုံးရှုံးမည့် အခြေအနေမှ ကာကွယ်နိုင်ခဲ့ခြင်းတို့ကို စွမ်းဆောင်နိုင်ခဲ့သည့်အတွက် လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ်အမှုထမ်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးပို့သည့်  ဂုဏ်ပြုမှတ်တမ်းလွှာအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက မေ ၁၄  ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာ့အမျိုးသားလေကြောင်းလိုင်းရုံးချုပ်၌ သွားရောက်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment