Wednesday, May 15, 2019

ဘင်္ဂလားဒေ့ရှ်လေယာဉ်မတော်တဆဖြစ်မှု ခုံရုံးဖွဲ့စစ်ဆေးနေ

လူဆယ်ဦးကျော် ဒဏ်ရာရရှိသည့် ဘင်္ဂလားဒေ့ရှ် လေယာဉ်မတော်တဆဖြစ်မှုကို ခုံရုံးဖွဲ့စစ်ဆေးနေပြီး ပိုင်းလော့၏ ဆုံးဖြတ်ချက် (Decision) အမှား ကြောင့် ဖြစ်နိုင်ကြောင်း သာမန် ဆုံးဖြတ်ချက်အနေဖြင့် သုံးသပ် ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောသည်။ ဆုံးဖြတ်ချက်မှားပြီး လေ ယာဉ်ပြန်တက်ရန် ကြိုးစားချိန် တွင် Run Way (ပြေးလမ်း) မကျန်ခြင်းကြောင့် ပြန်ရပ်ရန် ကြိုးစား စဉ် ပြေးလမ်းမလုံလောက်တော့ သဖြင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက မေလ ၁၃ ရက်တွင် ပြုလုပ်သည့် အစိုးရတတိယတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။
‘‘လေယာဉ်ပျံကွင်းကြီး ဆုံး သွားပြီး Speed က မထိန်းနိုင်ဘဲ နဲ့ ကျသွားပြီး အောက်မှာ လေ ယာဉ်အပိုင်းပိုင်းကျိုးသွားတဲ့ သ ဘောပါခင်ဗျ’’ ဟု ဦးဝင်းခန့်က ဆိုသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍ မတော်တဆ(Transport Sector Accident) ဖြစ်ရာတွင် လူ၊ ပတ်ဝန်းကျင်အခြေအနေ၊ စက်ပစ္စည်း အချက်သုံးချက်ကြောင့် ဖြစ်နိုင် ကြောင်း ထောက်ပြသည်။

‘‘အဲဒီသုံးခုကြောင့် ဘာ ကြောင့်ဖြစ်လဲဆိုတာ ဖော်ထုတ် နေပါတယ်။ ဖော်ထုတ်ပြီး ဘယ် သူ့မှာ တာဝန်ရှိသလဲ၊ ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာ အဲဒီခုံရုံးတွေ့ရှိချက်နောက်ပိုင်း မှာ ဖြစ်ပါလိမ့်မယ်’’ဟု အမြဲတမ်း အတွင်းဝန်က ပြောသည်။    မေလ ၈ ရက်က လေယာဉ်မှူးNazrul Islam Shameem မောင်းနှင်လာပြီး အမှုထမ်းခြောက်ဦးနှင့် ခရီးသည် ၂၉ ဦးလိုက်ပါလာသော Biman Bangladesh လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သည်။

No comments:

Post a Comment