Wednesday, May 15, 2019

ရခိုင်ပြည်နယ်တွင် ပဋိပက္ခပပျောက်ရေး လူမှုစီးပွားဘဝတိုးတက်ရန် ဦးစားပေးဆောင်ရွက်နေဟု ဒေါက်တာဝင်းမြတ်အေးပြော

ရခိုင်ပြည်နယ် အတွင်း ရေရှည်ပဋိပက္ခများ ပပျောက်စေရန် လူမှုသဟဇာတ ဖြစ်ရေး ဦးတည်ကြိုးပမ်းနေရာမှ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု ကို ဦးစားပေးပြောင်းလဲဆောင် ရွက်နေသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ပြောသည်။ ၂၀၁၈ အတွင်း စင်ကာပူ နိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေး၏ အကြံ ပြုဆုံးဖြတ်ချက်အရ ယင်းသို့ ပြောင်းလဲ ဆောင်ရွက်ခြင်းဖြစ် ကြောင်း မေလ ၁၃ ရက်က နေ ပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည် သူ့အတွက် တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှု များနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် တည်ငြိမ်ရန် လူမှုသဟဇာတဖြစ်ရေးကို မြန်မာနိုင်ငံက လက်ရှိဦးစားပေးဆောင် ရွက်နေခြင်းအပေါ် ASIAN AHA Teans (လူသားချင်းစာနာမှု အကူ အညီပေးရေး အာဆီယံညှိနှိုင်းမှု အဖွဲ့)က ဝေဖန်ထောက်ပြခဲ့ပြီး စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးလုပ်ဆောင်ရန် အကြံပြုတိုက်တွန်းခဲ့သည်ဟု ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။

‘‘ASIAN AHA Teans က နေလာပြီးတော့ ကနဦးဆန်းစစ်မှု တွေ လုပ်လိုက်တဲ့အခါမှာ သူတို့ ဘာသိသွားလဲဆိုတော့ လူမှုသဟ ဇာတဖြစ်ရေး နံပါတ် (၁)ထားနေ တာ သူတို့ကတော့ သဘောမတူ ဘူး။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေး ကောင်းကောင်းလုပ်ရင်း အဲဒီဒေသဟာ သဟဇာတဖြစ်သွားပါ လိမ့်မယ်ဆိုတာကို ပြောတယ်’’ ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေမှုများနှင့် ပတ်သက်၍ အစိုးရက ကော်မတီ၊ ကော်မရှင် အဖွဲ့များစွာ ဖွဲ့စည်းဆောင်ရွက် နေပြီး အထောက်အကူပြု အဖွဲ့များဖြင့်လည်း ဖွဲ့စည်းလုပ် ဆောင်ပေးနေသည်ဟု ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။

ရခိုင်ပြည်နယ်သည် အဖွဲ့ အစည်းတစ်ခုနှင့်တစ်ခုအကြား ခွဲခြားဆက်ဆံမှုများရှိခဲ့သည့်အ ပြင် ဖွံ့ဖြိုးမှု အလွန်နောက်ကျခဲ့ သော နေရာတစ်ခုဖြစ်ခြင်းကြောင့် ယခုအစိုးရသစ် လက်ထက်အ တွင်း လူမှုဖွံ့ဖြိုးတိုးတက်ရေး ပုံအောဆောင်ရွက်ပေးနေသည် ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ ‘‘တကယ်တော့ ဘတ်ဂျက် တွေ ဘယ်လောက်ကုန်ပြီလဲလို့ မေးရင်တောင် ဖြေရမှာ အရမ်း အံ့ဩစရာကောင်းအောင် ခက်ခဲ နက်နဲပြီးတော့ များပြားပါတယ်။ ဆိုတဲ့အတွက်ကြောင့် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အ တတ်နိုင်ဆုံး ဆောင်ရွက်နေ တယ်။ သဟဇာတဖြစ်ရေးကို လည်း နည်းပေါင်းစုံနဲ့ ဆောင်ရွက် နေတဲ့အတွက်ကြောင့် ရခိုင်ကိစ္စ ကတော့ ကမ်းကုန်အောင် ကျွန် တော်တို့ ဆောင်ရွက်နေတယ်’’ ဟု ပြည်ထောင်စုဝန်ကြီးက ဆက် လက်ပြောကြားသည်။

No comments:

Post a Comment