Wednesday, May 15, 2019

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်ပါက ပြဿနာမျိုးစုံ ပေါ်လာမည်ဖြစ်၍ အောင်မြင်မှုရရေး ၀ိုင်းဝန်းကြိုးပမ်းရန် RCSS ဥက္ကဋ္ဌပြော

 ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ပျက်ပြားပါက  ပြဿနာအမျိုး မျိုး  ပေါ်လာမည်ဖြစ်၍  ငြိမ်းချမ်းစေရေး လုပ်ငန်း စဉ် အောင်မြင်ရေးအစိုးရ၊ တပ်မတော်၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး ၀ိုင်းဝန်းကြိုးပမ်းရမည် ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားသည်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စတင်ကျင်းပရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ RCSS ဥက္ကဋ္ဌက  အဖွင့်မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်။
NLD အစိုးရလက်ထက်တွင်  ပြည်ထောင်စု ငြိမ်းချမ်းရေးညီ လာခံ - ၂၁ရာစုပင်လုံ သုံးကြိမ် ကျင်းပနိုင်ခဲ့သော်လည်း ပြောပလောက်သည့် အောင်မြင်မှု မရသေးခြင်းက အစုအဖွဲ့အားလုံး မိမိမူဝါဒကို မလျှော့တမ်း ဆုပ်ကိုင် ထားခြင်းကြောင့်ဖြစ်သည်ဟု ၎င်းက ပြောသည်။

‘‘တပ်မတော်က ခွဲမထွက်ရ၊တစ်ခုတည်းသော တပ်မတော်၊ငြိမ်းချမ်းရေးမူ ခြောက်ချက်တွေတင်မကပဲ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံ ဥပဒေကို ခိုင်ခိုင်မာမာ ကာကွယ်ထားပြီး အထိမခံတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ အလှမ်းဝေးကွာ ဆဲ ဖြစ်နေပါတယ်။ ဒါကြောင့် သူ့မူ၊ ကိုယ့်မူကို ခဏဘေးဖယ်ထားပြီး သဘာဝအတိုင်း ဖြစ်သင့်ဖြစ်ထိုက်တာကို ဆွေးနွေးနိုင်ရင်တော့ နှစ်ဖက်စလုံးအရှုံးကို မရင်ဆိုင်ရဘဲ အောင်မြင်မှုကို နှစ်ဦးနှစ်ဖက်ရ ရှိမှာ ဖြစ်ပါတယ်’’ဟု RCSS ဥက္ကဋ္ဌကဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ဆွေးနွေးဖက်များ၏ အာရုံသည် ရွေးကောက်ပွဲကိစ္စသို့ ရောက်နေမည်ဖြစ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ဒုတိယနေရာတွင်သာ    ရှိတော့ မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။  NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့များ၏ ထိပ်သီးခေါင်း ဆောင်များ အစည်းအဝေးကို မေလ ၁၈ ရက်အထိ ငါးရက်ကြာကျင်းပမည် ဖြစ်သည်။

No comments:

Post a Comment