Wednesday, May 15, 2019

လွှတ်တော်ဆုံးဖြတ်ချက်ဖြင့် ရပ်ဆိုင်းထားသော စက်ရုံများအနက် သုံးရုံကို ပြန်လည်လုပ်ကိုင်ရန် တင်ပြ

လွှတ်တော်ဆုံး ဖြတ်ချက်ဖြင့် ခေတ္တရပ်ဆိုင်းထား သည့် နိုင်ငံပိုင်စက်ရုံ ၂၂ ရုံအနက် သုံးရုံကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြန်လည်တင်ပြထားသည်ဟု စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားသည်။ ပြီးခဲ့သည့် လွှတ်တော်သက် တမ်းအတွင်းက စီမံကိန်းနှစ်ခုနှင့် စက်ရုံ ၂၂ ခုကို ခေတ္တရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။
‘‘အဲဒါတွေအားလုံးကို ပြန် လည်သုံးသပ်ပြီးပါပြီ။ လက်ရှိမှာ ပုဂ္ဂလိကကနေပြီးတော့ PPP ဆောင်ရွက်လိုတဲ့ ကမ်းလှမ်းလာ တဲ့ စက်ရုံတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန် တော်တို့က စက်ရုံတွေအားလုံးကို Project Bank ပေးပို့ထားပြီးဖြစ် ပါတယ်’’ဟု မေလ ၁၃ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန် ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ် တာအတွင်း ဆောင်ရွက်ခဲ့မှုများ နှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများက မေးမြန်းစဉ် ဦးကိုကိုလွင် က အထက်ပါအတိုင်း ပြန်လည် ဖြေကြားသည်။

ယင်းကဲ့သို့ ရပ်ဆိုင်းရန် ဆုံး ဖြတ်ခဲ့သည့် စက်ရုံ ၂၀ ကျော်အ နက် သုံးရုံကို ပြန်လည်လုပ်ကိုင် ရန် တင်ပြထားကြောင်း ပြော ကြားသော်လည်း မည်သည့်စက် ရုံများဖြစ်သည်ကိုမူ ၎င်းက အတိ အကျဖြေကြားခြင်းမရှိပေ။

‘‘ဒီ Project Bank ပေးပို့ ထားတာကို ပထမအဆင့် ဆောင် ရွက်ပြီးဖြစ်ပါတယ်။ ထွက်ရှိလာ တဲ့ Date မှာ ကောင်းတယ်၊ မကောင်းဘူးဆိုတာတွေ ရှိတာ ပေါ့။ အဲဒီလိုဟာမှာ လက်ရှိ Goodရတာ သုံးခုရှိတယ်။ အဲဒီဟာကို ဦးစွာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက်ကို Busi-ness Plan ရေးဆွဲဖို့ ဆောင်ရွက် နေပါတယ်’’ဟု ဦးကိုကိုလွင်က ဆိုသည်။

ထို့အပြင် သံမဏိစက်ရုံနှစ် ရုံ ပြန်လည်လည်ပတ်နိုင်စေရန် နိုင်ငံတော်၏ စီးပွားရေး ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ (NECC)မှ တစ်ဆင့် နိုင်ငံခြားသားပညာရှင် အဖွဲ့များ ငှားရမ်းကာ ပြန်လည် သုံးသပ်နေပြီး ယခုလမကုန်မီ သုံးသပ်ချက်ထွက်မည်ဟု ခန့်မှန်း ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။  ‘‘ဆက်လက်ဆောင်ရွက် မယ့်ဟာကို သူတို့ရဲ့ သုံးသပ်ချက် အပေါ်မှာ ထပ်မံပြီးတော့မှ ပြန် ဆွေးနွေးပါမယ်။ ဆွေးနွေးပြီးရင် ပြည်ထောင်စုလွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ပြန်လည်တင်ပြပြီးတော့ ဆုံးဖြတ်ချက်နဲ့ ဆက်လက်ဆောင် ရွက်သွားဖို့ရှိပါတယ်’’ဟု ဦးကိုကို လွင်က ဖြည့်စွက်ပြောကြားသည်။

No comments:

Post a Comment