Wednesday, May 15, 2019

မြင်းမူမြို့နယ်အတွင်း မြေသားရေကန်ပျက်စီးမှုကို ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ပြုပြင်မည်ဟုဆို

 မြင်းမူမြို့နယ်အတွင်း ပျက် စီးလုနီးပါးဖြစ်နေသော မြေသား ရေကန် ပြန်လည်ပြုပြင်ခြင်းလုပ် ငန်းကို ရန်ပုံငွေရရှိမှုပေါ် မူတည်၍ ဆောင်ရွက်မည်ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။ မေလ ၁၃ ရက်က ကျင်းပ သော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေး တွင် မြင်းမူမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စား လှယ် ဒေါ်နီလာလွင်၏ မြင်းမူမြို့ နယ် ဝမ်းပြည့်ကျေးရွာမှ ပြည်သူ များသည် မြစ်ရေတင်မြောင်းမှ ရရှိသောရေကို ရွာထိပ်ရှိ ရေကန် တွင် ရေထည့်သွင်းကာ သောက် သုံးရေအဖြစ် အသုံးပြုနေရာ အ ဆိုပါ ရေကန်သည် ပျက်စီးလုနီးဖြစ်နေသဖြင့် ပြန်လည်ပြုပြင် ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့် ပတ် သက်၍ ဦးမြင့်ကြည်က ပြန်လည် ဖြေကြားသည်။
‘‘ကျေးရွာသူကျေးရွာသား များ ကန်ပေါင်တင်ခြင်း၊ မြေညှိ ခြင်း လုပ်ငန်းများကို ပေ ၃၀ ခန့် ဆောင်ရွက်ထားကြောင်း တွေ့ရ ပါတယ်။ တင်ပြပါကန်ရဲ့ လက်ရှိ အနက် ၂ ပေထု တူးဖော်ဆယ်ယူ ပြီး ကန်ပြုပြင်ခြင်း ဆောင်ရွက်ပါ က မြစ်ရေကို ပိုမိုဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းတွေ ဆောင်ရွက်ပါက ခန့်မှန်းကုန်ကျငွေ ကျပ် ၄ ဒသမ ၇ သန်းဖြစ်ပြီးဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုပေါ် မူတည်ကာ ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်’’ဟု ဦးမြင့်ကြည်က ပြန်လည်ဖြေကြားသည်။

မြင်းမူမြို့နယ် ဝမ်းပြည့် ကျေးရွာသည် အိမ်ခြေ ၆၂၄ လုံး ခန့်ရှိပြီး လူဦးရေ ၃,၀၀၀ ကျော် နေထိုင်လျက်ရှိကာ လက်ရှိတွင် သုံးရေအဖြစ် ကျေးရွာပိုင် လက် ရိုက်တွင်းနှစ်တွင်း၊ ၄ လက်မ ပန့် ရေတွင်းတစ်တွင်းနှင့် ပုဂ္ဂလိက ပိုင် ၂ လက်မ ကွန်ပရက်ဆာရေ တွင်း ၁၅၉ တွင်းမှ ရယူသုံးစွဲနေ သည်။ ဧရာဝတီမြစ်ရေကို ရေ သယ်ထော်လာဂျီယာဉ်ဖြင့် ဝယ် ယူပြီး သောက်ရေအဖြစ် အသုံးပြု နေကြောင်း ၎င်းက ပြောသည်။

‘‘မြင်းမူမြို့နယ် ဝမ်းပြည့် ကျေးရွာတွင် သောက်သုံးရေအ တွက် စက်ရေတွင်းတူးလျှင် ရေ ငန်သာထွက်ရှိခြင်း ဖြစ်ပါတယ်။ သောက်သုံးရေကို မြစ်ရေတင် မြောင်းမှ ရရှိသော ရေကို ရွာထိပ် ရေကန်မှာ ရေထည့်ပြီးမှ သောက် သုံးရေ ရရှိခြင်းဖြစ်ပါတယ်’’ဟု ဒေါ်နီလာလွင်က ပြောသည်။ သောက်သုံးရေကန်မှာ ယခု အချိန်တွင် ပျက်စီးလုနီးဖြစ်နေ ပြီး ပြုပြင်ရန် အမှန်တကယ် လိုအပ်နေ၍ သက်ဆိုင်ရာ ဆည် မြောင်းဌာန တာဝန်ရှိသူများ ကွင်း ဆင်းစစ်ဆေးရာ ရေကန်ပြုပြင် ရန် မြေအနေအထားသည် တစ် ဧကကျော် ကျယ်ဝန်းကြောင်း ဒေါ်နီလာလွင်က လွှတ်တော်သို့ တင်ပြခဲ့သည်။

No comments:

Post a Comment