Wednesday, May 15, 2019

မန်ယူ၏ အဆိုးရွားဆုံး ရလဒ်အတွက် ကစားသမားများတွင် တာဝန်ရှိဟု ဟာရဲယား ပြော

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဆိုးရွားဆုံး ရလဒ်တွေအတွက် တာဝန်အရှိဆုံးသူတွေကို ကွင်းလယ်ကစားသမား ဟာရဲယားက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပြီး ရမှတ် ၆၆ မှတ်ပဲ ရခဲ့လို့ နည်းပြ ဒေးဗစ်မိုယက်စ် လက်ထက်ပြီးနောက် အဆိုးရွားဆုံးရမှတ်အဖြစ် စံချိန်တင် ကျဆင်းခဲ့တာပါ။
အဲဒီလို ရလဒ်ဆိုးရွားမှုတွေအတွက် တာဝန်အရှိဆုံးက ကစားသမားတွေ အားလုံးကြောင့်ဖြစ်ပြီး တခြားသူတွေနဲ့ နည်းပြအပေါ်မှာ တာဝန်မရှိဘူးလို့ ဟာရဲယားက ပြောပါတယ်။ အဆိုးရွားဆုံး ဘောလုံးရာသီတခုနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ၇၅ ရာခိုင်နှုန်းက ကစားသမားတွေကြောင့်ဖြစ်ပြီး တခြားသူတွေအပေါ်မှာ အပြစ်မဖို့ဖို့ ဟာရဲယားက ပြောကြားလိုက်တာပါ။ စပိန်ကွင်းလယ်လူ ဟာရဲယားဟာ ကာဒစ်စီးတီးနဲ့ပွဲမှာ အသင်းပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပြီး လာမယ့်ရာသီမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ကစားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment