Wednesday, May 15, 2019

ဖိလစ်ပိုင်သက်တမ်းလယ်ရွေးကောက်ပွဲ၌ ဒူတာတေး၏ မဟာမိတ်များအနိုင်ရနိုင်ခြေရှိဟု အကြိုရလဒ်များက ဖော်ပြ

ဖိလစ်ပိုင်သက်တမ်းလယ်ရွေးကောက်ပွဲများတွင် သမ္မတရိုဒရီဂိုဒူတာတေး၏ မဟာမိတ်များက အောင်ပွဲခံရန် အသင့်ဖြစ်နေကြောင်း မေ ၁၄ ရက်က ထွက်ရှိခဲ့သည့် တရားမဝင်ရလဒ်များက ဖော်ပြခဲ့ပြီး ဒူတာတေး၏ အုပ်ချုပ်မှုအပေါ် ခိုင်မာသည့်ထောက်ခံမှုနှင့် ゞင်း၏ အငြင်းပွားဖွယ်အစီအစဉ်များအတွက် လမ်းရှင်းပေးမှုကို ထင်ရှားပေါ်လွင်စေခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဒူတာတေး သမ္မတ ဖြစ်လာခဲ့ပြီးနောက် လူသေဆုံးမှုများသည့် ゞင်း၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲသည် နိုင်ငံတကာတွင် ပြင်းထန်စွာဝေဖန်ခံခဲ့ရသော်လည်း ဖိလစ်ပိုင်နိုင်ငံသားများ အကြားတွင် ထောက်ခံမှုရခဲ့သည်။



မေ ၁၃ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် ဥပဒေပြုအထက်လွှတ်တော်အတွက် အစိုးရသစ္စာခံကိုယ်စားလှယ်လောင်းများသည် အပြတ်အသတ်အနိုင်ရ ရန်ဦးတည်နေသည်ဟု ရွေးကောက်ပွဲစာရင်းကိုက်ရန် အစိုးရက တရားဝင်အသိအမှတ်ပြုထားသည့် ဗရင်ဂျီဂိုဏ်းဦးစီးသည့် ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ PPCRV က ထုတ်ပြန်ခဲ့သည်။


မေ ၁၄ ရက် အစောပိုင်း၌မဲ ၉၄ ရာခိုင်နှုန်းကို ရေတွက်အပြီးတွင် ဒူတာတေး၏ မဟာမိတ်များသည် သမ္မတ၏ အငြင်းပွားဖွယ်အစီအစဉ်အချို့ကို ဆန့်ကျင်သည့်အတားအဆီးတစ်ခုဖြစ်သည့် အထက်လွှတ်တော်၌ အမတ် ၁၂ နေရာတွင် ကိုးနေရာ အနိုင်ရရှိခဲ့သည်။

နိုင်ငံ၏ရွေးကောက်ပွဲကော်မရှင်မှ ပြီးပြည့်စုံသည့်တရားဝင်ရလဒ်များကို လာမည့်ရက်များအတွက် ထုတ်ပြန်မည်ဟု ခန့်မှန်းထားသည်။

ခြောက်နှစ်သက်တမ်း ထမ်းဆောင်ရသည့် နိုင်ငံ၏ အထက်ဥပဒေပြုလွှတ်တော် အမတ် ၂၄ ဦးသည် အောက်လွှတ်တော်ထက် ပိုမိုအမှီအခိုကင်းသည့်သဘောထားရှိမှုအတွက် ထင်ရှားသည်။

လူ ၅çဝ၀ဝ ကျော် သေဆုံးခဲ့သည့်  မူးယစ်ဆေးဝါးနှိမ်နင်းရေးအပြင် ဒူတာတေးက သေဒဏ်ပြန်လည်ဖော်ဆောင်ရန်နှင့် ရာဇဝတ်မှုအတွက် ပြစ်ဒဏ်ချမှတ်နိုင်သော အသက်အရွယ်ကို ၁၅ နှစ်မှ ၁၂ နှစ်အထိ လျှော့ချရန် ကတိပေးခဲ့သည်။

ဖိလစ်ပိုင်၌ သေဒဏ်ချမှတ်မှုကို ၁၉၈၇ ခုနှစ်တွင် တားမြစ်ခဲ့ပြီး ခြောက်နှစ်အကြာတွင် ပြန်လည်အသက်သွင်းခဲ့သည်။ ယင်းနောက် ၂၀ဝ၆ ခုနှစ်တွင် တစ်ဖန်ပြန်လည် ဖျက်သိမ်းခဲ့သည်။

ဒူတာတေးသည် ဖက်ဒရယ်သမ္မတစနစ် တစ်ခုဖော်ဆောင်ရန် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးသားမည်ဟုလည်း ကတိပေးခဲ့သည်။ အတိုက်အခံများကမူ ယင်းအစီအစဉ်သည် ゞင်း၏ အာဏာကို ချဲ့ထွင်ရန်(သို့မဟုတ်) နိုင်ငံ၏ ဒီမိုကရေစီအခြေခံသော အလေ့အထများကို အားလျော့စေရန် ကြိုးပမ်းမှုဟု ယူဆခဲ့သည်။

သက်တမ်းလယ် ရွေးကောက်ပွဲသည် ဒေသဆိုင်ရာရာထူးများ၊ ဥပဒေပြုအထက် လွှတ်တော်၏ အမတ်နေရာထက်ဝက်နှင့် အောက်လွှတ်တော်အမတ် ၃၀ဝ ခန့်အပါ အဝင်ရာထူး  ၁၈,ဝ၀ဝ အတွက်  ရွေးချယ်မဲပေးခဲ့ကြခြင်း ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲနှင့်ဆက်စပ်သည့် အကြမ်းဖက်တိုက်ခိုက်မှုတွင် လူ ၂၀ ဦးထက်မနည်းသေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။  မဲရုံတစ်ခု၌ မေ ၁၃ ရက်က ပဋိပက္ခတစ်ခုအတွင်း လူကိုးဦး ပစ်ခတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်တပ်က ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment