Wednesday, May 15, 2019

မိုးရွာ၍ ပျော်လေပြီ

မန္တလေးမြို့တွင် မဟာ သင်္ကြန်အပြီး တစ်နေ့ထက်တစ် နေ့အပူရှိန် မြင့်တက်လာပြီး နောက် အပူဒဏ်သက်သာလာ စေရန် ပြည်သူအများ မိုးရေစက် များကိုသာ မျှော်ခဲ့ကြသည်။ ဖန်နီဆိုသည့်မုန်တိုင်းက မိုး ကလေးများ ယူဆောင်လာလေ မလား မျှော်လင့်ခဲ့သော်လည်း ထင်သလောက်မရွာခဲ့။ ပူလွန်း၍ အရပ်ရပ်အရွာရွာ မိုးရွာစေဖို့ မိုး ခေါင်ကျော်စွာနတ်မင်းကို ပင့် ဖိတ်ပြီး လွန်ဆွဲပွဲများကျင်းပကြ သည်။ သို့သော် ပူမြဲပူဆဲ။ေ မလ ၁၃ ရက်မွန်းလွဲပိုင်း တွင်တော့ မန္တလေးမြို့ကောင်း ကင်တစ်ခွင်လုံး အုံ့မှိုင်းလာကာ မိုးတွေခြိမ်းပြီး မိုးပေါက်တွေ တ ဝေါဝေါ ကျဆင်းလာပါသည်။



မိုးရွာပြီဆိုသည်နှင့် ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်ပေါ် မိုးရွာ ကြောင်း သတင်းစကားများ၊ ဓာတ်ပုံများ အပြိုင်အဆိုင်တင် လာကြသည်။ မရွာသေးသည့် မြို့ကလူတွေကတော့ မကျေနပ် ကြ။ ‘မနာလိုတယ်’ ဟု စနောက် ကြသည်။

 ဘယ်မြို့ကိုတော့ လာခဲ့ပါ၊ ဘာကျွေးပါ့မယ်၊ ဘယ်နေရာကို တော့ လာခဲ့ပါ၊ မလာတတ်ရင် လာကြိုမယ်စသဖြင့် မိုးကိုဖိတ် ခေါ်ကြောင်း စနောက်ထားကြ သည်။ မန္တလေးမြို့က စာရေး ဆရာမ၀င်းဝင်းမြင့် (နန်းတော် ရှေ့) ကမူယခုရွာသည့်မိုးကို ‘ချစ် ၍ရွာသောမိုး’ ဟု ဖေ့စ်ဘွတ်ခ် တွင် တင်စားခဲ့သည်။

ဗေဒါညိုအမည်ဖြင့် သရော် စာများရေးလေ့ရှိသူ မန္တလေးမြို့ မှ စာရေးဆရာဆရာညိုထွန်း လူက ‘လွန်ခဲ့တဲ့သုံးရက်လောက် ကတည်းက မိုးရွာတော့မယ့် အကြောင်း ပုရွက်ဆိတ်တွေက ဆစ်ဂနယ်ပြနေတယ်။ မီးဖိုချောင် ထဲမှာ ဒီကောင်တွေ ရွစိတက် ပျာယာခတ်နေကတည်းက မိုးရွာ တော့မယ်ဆိုတာ သေချာပေါက် သိလိုက်တယ်ဗျ။ ခွင့်လွှတ်ပါ ကိုရွှေပုရွက်ဆိတ်တို့ရေ။ ကျွန် တော်တို့က မိုးကလေးရွာဖို့ အ ရေး ဘင်္ဂလားပင်လယ်အော်ဘက် ကိုပဲ လှမ်းမျှော်ကြည့်နေရတာ မဟုတ်လား။ အခုဖြင့် သဘော ပေါက်သွားပါပြီ။ ရာသီဥတုအ ကြောင်း အဲကွန်းခန်းထဲမှာ တော် လကီပွားနေကြတာကို သွား ရောက် နားထောင်မယ့်အစား အိမ်ကပုရွက်ဆိတ်တွေကိုပဲ အ ကဲခတ်ရတာက သေချာတယ်။ သူတို့က အကောင်ငယ်သ လောက် အစွမ်းထက်ပါပေတယ်’ ဟု မိုးနှင့်ပတ်သက်၍ အရွှန်း ဖောက်သည်။

မန္တလေးအပြင် စစ်ကိုင်း၊ မြင်းခြံ၊ ပြင်ဦးလွင်၊ မိုးကုတ် စသည့်ဒေသများတွင်လည်း မိုး ရွာသွန်းခဲ့သည်။ မြင်းခြံတွင် လေ ရောမိုးပါပါသဖြင့် သစ်ပင်၊သစ် ကိုင်းများကျိုးကျကာ  လမ်းများပါပိတ်စေခဲ့သည်။

 မြင်းခြံတွင်ပူလွန်း၍ မိခင် ကြီးကို တောင်ကြီးမြို့တွင် သွား ရောက်နေထိုင်ရန် စီစဉ်ပေးထား သူ ကိုနိုင်က ‘‘မိုးရွာလို့ ရင်ထဲ အေးမြသွားတယ်။ ပျော်တယ်။ မိုးရေတောင် ထွက်ချိုးလိုက်တယ်’’ ဟု ပျော်ရွှင်စွာပြောသည်။ မြင်းခြံအချို့နေရာများတွင် မိုးသီး ပါပါကြောင်း ၎င်းကအားရ၀မ်း သာစွာဆိုသည်။

  ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် တွင် မိုးရွာကြောင်း အားရ၀မ်း သာစွာတင်ပြီးလို့မှ သိပ်မကြာ အခြားအကြောင်းအရာတစ်ခု တင်လာကြပြန်သည်။ ‘မီးပြတ် သွားပြီ’ ဟူ၏။ ‘မီးကလည်း နေပူ လည်း ပြတ်၊ မိုးရွာလည်းပြတ်တာ ပဲလား’ ဟု မကျေမနပ်ရင်ဖွင့်ကြ သည်။

No comments:

Post a Comment