Wednesday, May 15, 2019

ဆော်ဒီ အဓိက ရေနံပိုက်လိုင်းအား ယီမင်သူပုန်များက လက်နက်တပ်ဆင်ထားသော ဒရုန်းများဖြင့် တိုက်ခိုက်ပြန်

ဆော်ဒီရေနံတင်သင်္ဘောနှစ်စီးအား ယူအေအီးနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် တိုက်ခိုက်ခံရကြောင်း ဆော်ဒီမှကြေညာလိုက်ပြီး နောက်တစ်နေ့ဖြစ်သည့် ယမန်နေ့တွင် ယီမင်နိုင်ငံမှ ဟောင်သီ(Houthi)သူပုန်များက လက်နက်တပ်ဆင်ထားသော ဒရုန်းလေယာဉ်များဖြင့် ဆော်ဒီ အဓိကရေနံပိုက်လိုင်းကို တိုက်ခိုက်ပြန်ကြောင်းသိရသည်။ ထိုသို့တိုက်ခိုက်ခြင်းမှာ မိမိတို့လက်ချက်ဖြစ်ကြောင်းကို ဟောင်သီ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဗ္ဗဒူလ် ဆလမ်က တွစ်တာလူမှုကွန်ရက်တွင် ကြေညာခဲ့သည်။ ဆော်ဒီတို့က ယီမင်နိုင်ငံသို့ ကျူးကျော်တိုက်ခိုက်ခဲ့ကို ပြန်လည်တုန့်ပြန်ခြင်းဖြစ်ကြောင်းကိုလည်း တွစ်တာတွင်ရေးသားထားသည်။


ဟောင်သီတို့သည် အီရန်နိုင်ငံ၏ ပံ့ပိုးမှုရှိသည်ဖြစ်စေကာမူ ယခုတိုက်ခိုက်ခြင်းသည် အီရန်နှင့် အမေရိကန်တို့အကြား တင်းမာမှုပိုမိုလာစေရေးအတွက်ပြုလုပ်ခြင်းဟုတ်မဟုတ်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးချေ။

ရေနံတင်သင်္ဘောများတိုက်ခိုက်ခံရခြင်း၏ နောက်ကွယ်တွင် အီရန်(သို့)အီရန်မှထောက်ပံ့သော အဖွဲ့များရှိနေနိုင်ကြောင်းကိုမူ အမေရိကန် စစ်ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့က ယမန်နေ့က ဆိုခဲ့သည်။

ယခုတိုက်ခိုက်ခံရခြင်းများကြောင့် ရေနံစိမ်းဈေးတက်လာဖွယ်ရှိကြောင်း လေ့လာသူတို့က သုံးသပ်ပြောဆိုလျှက်ရှိသည်။

No comments:

Post a Comment