Wednesday, May 15, 2019

ခင်ပွန်းက ဓားဖြင့်ထိုး၍ ဇနီးသေဆုံး

လူမှုရေးကိစ္စတစ်ခု ကြောင့် ခင်ပွန်းက ဓားဖြင့် ထိုး၍ ဇနီးသည်သေဆုံးမှု မေလ ၁၂ ရက်က တွံတေးမြို့နယ်တွင် ဖြစ်ပွားခဲ့ သည်။ သေဆုံးသူသည် အသက် (၃၀) နှစ်ရှိ စက်ရုံဝန်ထမ်း မဇင်မိုးမိုးသန်းဖြစ်သည်။ ၎င်း သည် မေလ ၁၂ ရက် ည ၁၀ နာရီခွဲတွင် တွံတေးမြို့နယ် အောက်တမာတကောကျေးရွာ တံတားပေါ် ၌ လည်ပင်းထိုးသွင်းဒဏ်ရာများ၊ ဦးခေါင်းဖူးရောင်ဒဏ်ရာများဖြင့် ပါးစပ်နှင့် နှာခေါင်းမှ သွေးများထွက်လျက် သေဆုံးနေသည်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ သည်။
ယင်းသို့ တွေ့ရှိသည့် နေရာနှင့် ဘတ်စ်ကားတစ်မှတ်တိုင်စာ အကွာအဝေးရှိ လမ်းဘေးတွင် သေဆုံးသူ၏ မှတ်ပုံတင်ကတ်ပြား၊ အလုပ်သမားကတ်၊ လူမှုဖူလုံရေးကတ်နှင့် လက်ကိုင်ဖုန်းတစ်လုံးကို တွေ့ရှိစစ်ဆေးရာ ယင်းလက်ကိုင်ဖုန်းမှ နောက်ဆုံးဖုန်းခေါ်ဆိုထားသူသည် အသက်(၂၈)နှစ်ရှိ၎င်း၏ခင်ပွန်း ကျော်မိုးအေးဆိုသူ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထို့နောက် ကျော်မိုးအေးကို စစ်ဆေးရာ အခင်းဖြစ်သည့်နေ့ က မဇင်မိုးမိုးသန်း အလုပ်ဆင်း ချိန်တွင် ဆိုင်ကယ်ဖြင့် ခေါ်သွားခဲ့ကြောင်း၊ မဇင်မိုးမိုးသန်း လူမှုရေးဖောက်ပြန်သည်ဆိုကာ အခင်းဖြစ်နေရာသို့ ခေါ်သွားပြီး ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

‘‘သူ့မိန်းမက လူမှုရေးဖောက် ပြန်တယ်ဆိုပြီး ဓားနဲ့ထိုးသတ်ခဲ့ တယ်လို့ ထွက်ဆိုထားတယ်။ ဆက်လက်စစ်ဆေးနေပါတယ်။ သူက ဓားနဲ့ထိုးပြီး သက်သေခံဓား ကို လမ်းဘေးချုံပုတ်ထဲ လွှင့်ပစ်ခဲ့ သေးတယ်’’ဟု တွံတေးမြို့နယ် ခလောက်ချိုက်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်မိုးအေးကို ခလောက်ချိုက် နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှု ဖွင့်အရေးယူထားသည်။

No comments:

Post a Comment