Wednesday, May 15, 2019

ရတနာကမ်းလွန်မှ ဓာတ်ငွေ့ပို့လွှတ်မှု လျော့နည်းခြင်းကြောင့် ရန်ကုန်တိုင်းအတွင်း အရေးပေါ်မီးပြတ်တောက်နိုင်ဟုဆို

ရတနာကမ်းလွန်လုပ် ကွက်မှ ဓာတ်အားပို့လွှတ်မှုများ ရုတ်တရက်လျော့နည်းခြင်း ကြောင့် ရန်ကုန်တိုင်းအတွင်း ဓာတ်အားမဂ္ဂါဝပ် ၄၀၀ လျော့ကျ နိုင်၍ အလှည့်ကျမီးဖြတ်နေခြင်း အပြင် အရေးပေါ်ဓာတ်အားပြတ် တောက်မှု ဖြစ်ပေါ်လာနိုင်သည်ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေး ရေးကော်ပိုရေးရှင် (YESC) ကမေလ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။ ရတနာလုပ်ကွက်မှ ရန်ကုန် တိုင်းသို့ ပို့လွှတ်သည့် ဓာတ်ငွေ့များအတွက် Compressor (တွန်းအားပေး)စက်များအရေးပေါ်ရပ် တန့်ခြင်းကြောင့် ဓာတ်အားထုတ်လုပ်ရေးစက်ငါးလုံး   ရပ်တန့်ရ ခြင်းဖြစ်သည်ဟု YESC က ဆို သည်။ ရန်ကုန်တိုင်းတွင် မေလ ၁၃ ရက်အထိ တစ်ရက်လျှင် လျှပ်စစ် ဓာတ်အားမဂ္ဂါဝပ် ၁,၃၉၃ သုံးစွဲနေပြီး ယခုဓာတ်အားလျော့ကျမှု သည် ရန်ကုန်တိုင်း ဓာတ်အား သုံးစွဲမှု၏ သုံးပုံတစ်ပုံ ရှိသည်။


ထိုစက်ရုံများ ရပ်တန့်ခြင်း ကြောင့်  မဂ္ဂါဝပ် ၂၀၀ ခန့် လျော့ ကျပြီး စုစုပေါင်း မဂ္ဂါဝပ် ၂၀၀ထုတ်လုပ်နေသည့် စက်ရုံ သုံးခု လည်း ရပ်တန့်နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် စုစုပေါင်း ဓာတ်အားစနစ်မှ မဂ္ဂါဝပ် ၄၀၀ လျော့ ကျနိုင်သည်ဟု ကော်ပိုရေးရှင်းက ဆိုထားသည်။ ဓာတ်အားထုတ်လုပ်မှု စနစ်ပုံမှန် ပြန်ရောက်နိုင်ရေးဝန်ကြီးဌာနကလည်း တွန်းအားပေးဆောင်ရွက်နေပြီး Compressor စက် များ ပြန်လည်ကောင်းမွန်သည်အထိ ဓာတ်အားပြတ်တောက်မှု ကြာမြင့်နိုင်သည်ဟု YESC မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ ဓာတ်ငွေ့ပို့လွှတ်မှု ပုံမှန်ပြန်ဖြစ်ရေးသည် ဓာတ်ငွေ့ထုတ်လုပ်နေ သည် ကုမ္ပဏီ၏ ပြင်ဆင်နိုင်မှုအ ပေါ် မူတည်သည်ဟု ၎င်းကဆို သည်။

No comments:

Post a Comment