Wednesday, May 15, 2019

အိမ်အကူ မကရင်မသေဆုံးမှု ရုပ်သိမ်းပေးရန် သေဆုံးသူ၏ မိခင်ကိုယ်တိုင် တောင်ပိုင်းခရိုင်ဥပဒေရုံးသို့ လျှောက်ထား ဥပဒေအထောက်အကူပြုရေးအဖွဲ့နှင့် အမှုလိုက်ဥပဒေအရာရှိအဖွဲ့က ကန့်ကွက်

အိမ်အကူ မကရင်မသေ ဆုံးသည့်အမှုကို ရုပ်သိမ်းပေးရန် မကရင်မ၏ မိခင်ကိုယ်တိုင်က လျှောက်ထားပြီး ယခင်စစ်ဆေး ပြီးသော သက်သေနှစ်ဦးကို ရုံးခေါ် သက်သေအဖြစ် ထပ်မံစစ်ဆေးပေးရန် တရားခံဘက်မှ ရှေ့နေက တောင်းဆိုခြင်းသည် အမှုကို ကြန့်ကြာစေသည်ဟု ယူဆ၍ လက်မခံကြောင်း အမှုလိုက်ဥပဒေအရာရှိ အဖွဲ့က တရားသူကြီးထံ တင်ပြ သည်။   တပ်မတော်အရာရှိ၏ဇနီး ဥပဒေအရာရှိ ဒေါ်သိင်္ဂီစုက ရိုက် နှက်၍ သေဆုံးခဲ့သည် ဆိုသော မကရင်မသေဆုံးမှုကို ယမန်နေ့ (မေလ ၁၄)ရက်က တောင်ပိုင်း ခရိုင်တရားရုံးတွင် စစ်ဆေးရာ မကရင်မ၏မိခင် ဒေါ်လှလှဝင်း လာရောက်ခြင်းမရှိပေ။
သမီးသေဆုံးမှုကို ရုပ်သိမ်းပေးရန် မိခင်ကိုယ်တိုင်က တောင်ပိုင်းခရိုင်ဥပဒေရုံးသို့ တင် ပြလျှောက်ထားသည်ဟု ဗဟိုဥပ ဒေအထောက်အကူပြုအဖွဲ့က ဖွဲ့စည်းပေးထားသော ဥပဒေအ ထောက်အကူပြုရေးအဖွဲ့နှင့် ယင်းအမှုကို စစ်ဆေးနေသည့် အမှုလိုက်ဥပဒေအရာရှိအဖွဲ့ ဒုတိယခရိုင်ဥပဒေအရာရှိက အတည် ပြုသည်။

‘‘မိခင်ဒေါ်လှလှဝင်းကိုယ် တိုင်က ဒီအမှုကို ရုပ်သိမ်းခွင့်တင် ထားတယ်။ ကျွန်တော်တို့က တာ ဝန်ခံအရာရှိကို ပြန်တင်ပြထား တယ်။ တာဝန်ခံအရာရှိကမှ တရားစွဲအဖွဲ့အစည်းရဲ့ သဘော ထားမှတ်ချက်ရယ်၊ ကျွန်တော်တို့ အမှုလိုက်ဥပဒေအရာရှိအဖွဲ့ရဲ့ သဘောထားမှတ်ချက်ရယ်ကို ခြုံ ငုံပြီးတော့မှ မှတ်ချက်ပေးမှာ’’ဟု အမှုလိုက်ဥပဒေအရာရှိအဖွဲ့ ဒုတိယခရိုင်ဥပဒေအရာရှိက ပြော ကြားသည်။

အမှုရုပ်သိမ်းခွင့်ကို မကရင် မ၏မိခင် ဒေါ်လှလှဝင်းက သင်္ကြန်မတိုင်ခင် ရုံးချိန်းဖြစ်သော ဧပြီ ၉ ရက်က လျှောက်ထားတင်ပြခြင်း ဖြစ်သည်။ ယင်းသို့လျှောက်ထား မှုကို ကန့်ကွက်ကြောင်း တရားစွဲ အဖွဲ့အစည်းဖြစ်သည့် ခရိုင်ရဲတပ်ဖွဲ့နှင့် အမှုလိုက်ဥပဒေအရာရှိ အဖွဲ့ကပါ ခရိုင်ဥပဒေအရာရှိထံ တင်ပြထားသည်။

ယမန်နေ့က ရုံးချိန်းတွင် ဒေါ်သိင်္ဂီစုဘက်မှ ရှေ့နေက ယခင် စစ်ဆေးပြီးဖြစ်သည့် သက်သေ ဒေါက်တာလှိုင်သူသူဝင်းနှင့် ရဲ အုပ် မျိုးချစ်ဆွေကို ရုံးခေါ်သက် သေအဖြစ် စစ်ဆေးခွင့်ထပ်မံပေး ရန် တရားသူကြီးထံ တင်ပြရာ လက်ခံရန် မသင့်ကြောင်း အမှု လိုက်ဥပဒေအရာရှိအဖွဲ့က အ ချက်အလက်နှင့်တကွ ပြန်လည် တင်ပြသည်။ ရုံးခေါ်သက်သေအဖြစ် ပြန် စစ်ဆေးခွင့်ပြု၊ မပြု မကရင်မ ၏မိခင်ဒေါ်လှလှဝင်းကို စစ်ဆေး ပြီးမှ အမိန့်ချမည်ဟု ခရိုင်တရား သူကြီးက ဆုံးဖြတ်ပြီး လာမည့် မေလ ၂၁ ရက်သို့ ပြန်လည်းချိန်း ဆိုခဲ့သည်။

No comments:

Post a Comment