Wednesday, May 15, 2019

မွန်ပြည်နယ်အတွင်း ယခုနှစ်မိုးစပါးစိုက်ချေးငွေကို ကျပ်သန်း ၄၅,၀၀၀ ကျော်ထုတ်ချေးရန် လျာထား

မွန်ပြည်နယ်အတွင်း ၂၀၁၉ မိုးစပါးစိုက်ချေးငွေကို ကျပ်သန်း ၄၅,၀၀၀ ကျော် ထုတ် ချေးရန် လျာထားကြောင်း မြန်မာ့ လယ်ယာစိုက်ပျိုးရေး ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။ အဆိုပါချေးငွေများကို မေ လ ၆ ရက်က စတင်ထုတ်ပေးနေ ကာ သြဂုတ်လကုန်အထိ ထုတ် ချေးမည်ဖြစ်သည်။ ‘‘အတိုးနှုန်းကတော့ ၈ ရာ ခိုင်နှုန်းပါပဲ။ ချေးငွေထုတ်ချင်သူ တွေက ပုံစံ(၇)ပါဖို့ လိုတယ်။ ပုံစံ (၇) မှာ ဖျက်ရာ၊ ပြင်ရာတွေ မပါဖို့။ ဖျက်ရာ၊ ပြင်ရာပါရင် သတ်မှတ် ထားတဲ့ ထောက်ခံချက်တွေကို ရှိဖို့ လိုတယ်’’ဟု ဦးကျော်စွာလှိုင် က ပြောသည်။
ပုံစံ(၇) တွင် ဖျက်ရာ၊ ပြင်ရာ များပါရှိပါက သက်ဆိုင်ရာမြို့ နယ် မြေစာရင်းဦးစီးဌာနပုံစံ(၅) နှင့် တိုက်ဆိုင်စစ်ဆေးပြီး ပုံစံ(၅) အတိုင်းသာ ထုတ်ပေးမည် ဖြစ် ကြောင်း၊ လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် တစ်ဦးလျှင် လယ် ၁၀ ဧကအထိ ထုတ်ချေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်နယ်အတွင်း ပေါင်၊သထုံနှင့် မုဒုံမြို့နယ်တို့သည် ချေးငွေအများဆုံး ထုတ်ချေးသည့် မြို့နယ်များဖြစ်ပြီး မော်လမြိုင်မြို့နယ်သည် ချေးငွေအနည်းဆုံး ဖြစ်သည်ဟု ဦးကျော်စွာလှိုင်က ဆိုသည်။

မိုးစပါးချေးငွေယူသူ လယ် သမားများသည် ချေးငွေများကို ဒီဇင်ဘာတွင် ၁၀ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆၀ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၁၀ ရာခိုင်နှုန်းနှင့် မတ်လတွင် ၂၀ ရာခိုင်နှုန်း အပြီးပေးရမည်ဟု ပြည်နယ်အစိုးရစီမံတွင် ရေးသားထားသည်။ ၂၀၁၈ မိုးစပါးချေးငွေကို ကျပ်သန်း ၄၂,၈၀၀ ထုတ်ချေးပြီး မွန်ပြည်နယ်အတွင်း ကြွေးကျန် မရှိကြောင်း ပြည်နယ် မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်ခွဲစာရင်းတွင် ဖော်ပြထားသည်။

No comments:

Post a Comment