Wednesday, May 15, 2019

ထိုင်းစစ်အစိုးရက ခန့်အပ်ထားသော ဆီးနိတ်အမတ်များကို ဘုရင်က အတည်ပြု

ထိုင်းစစ်အစိုးရသစ္စာခံများစွာသည် မေ ၁၄ ရက်က အမတ်နေရာ ၂၅၀ ရှိသည့် ဆီးနိတ်လွှတ်တော်ထဲမှ အဖွဲ့ဝင်များအဖြစ် အတည်ပြုခံခဲ့ရသည်။ အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာက အလွန်အ ငြင်းပွားစရာရွေးကောက်ပွဲအပြီး၌ အရပ်သားဝန်ကြီးချုပ်အဖြစ် ပြန်ရောက်လာမည့် အရေးကို ထောက်ခံပေးကြမည့် မဟာမိတ် များသည် ဆီးနိတ်ထဲ၌ အပြည့်ဖြစ်နေသည်။ ဆီးနိတ်လွှတ်တော်ထဲမှ လူစာရင်းအပြည့်အစုံကို နံပါတ်နှစ် စစ်အစိုးရခေါင်းဆောင် ပရာဝစ်ဝေါင်ဆူဝမ်က ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဘုရင်မဟာဝိဇယလောင်ကွန်းက အတည်ပြုပေးကာ နန်းတော်၏အာဘော်သတင်းစာ ဖြစ်သော The Royal Gazette ၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။



၂၀၁၇ ခုနှစ်က အတည်ပြုခဲ့သည့် စစ်တပ်ရေးဆွဲသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကျေးဇူးကြောင့် ခန့်မှန်းထားသည့်အတိုင်း စစ်ဦးစီးချုပ် အပီရတ်ကောင်ဆွန်ပေါင်နှင့် အမျိုးသားရဲချုပ် ဂျက်သစ်ချိုင်ဂျင်ဒါတို့မှာ ဆီးနိတ်အမတ်များ ဖြစ်လာကြသည်။ ပရာဝစ်သည် တာဝန်ထမ်းဆောင်ဆဲနှင့် အနားယူသွားသည့် စစ်တပ်နှင့် ရဲအရာရှိ ၁၀ဝ ခန့် ကိုလည်း ဆီးနိတ်အမတ်များအဖြစ် ရွေးချယ်ခဲ့ရာ ဆီးနိတ်၏ရာခိုင်နှုန်း ၄၀ မှာ ရဲများနှင့် စစ်သားများ ဖြစ်နေသည်။


စစ်အစိုးရလက်ထက်က တစ်ခုတည်းသော ပါလီမန်အဖွဲ့အစည်းဖြစ်ခဲ့သည့် လက်ညှိုးထောင်ခေါင်းညှိတ် အမျိုးသားဥပဒေပြု လွှတ်တော် (NLA) ထဲမှ အဖွဲ့ဝင် ၅၀ ကိုလည်းကောင်း၊ ဝန်ကြီး ၁၅ ဦးကိုလည်းကောင်း ပရာဝစ်က ဆီးနိတ်အမတ်များအဖြစ် တင်မြှောက်ခဲ့သေးသည်။

စစ်အစိုးရအဖွဲ့မှ ထိပ်ပိုင်းပုဂ္ဂိုလ်များ၏ ဆွေမျိုးများ၊ မဟာမိတ်များကိုလည်း ထိုစာရင်းထဲ၌ တွေ့ကြရပြီး ゞင်းင်းတို့အနက် အထင်ရှားဆုံးမှာ ပရာယွတ်၏ညီ ပရီချာချန်အိုချာ (NLA) မှ ပြီးခဲ့သည့်သီတင်းပတ်တွင် အနားယူခဲ့) ဖြစ်သည်။ ပရာယွတ်၏ညီအပြင် ပရာဝစ်၏ မွေးချင်းညီအစ်ကိုများ၊ ဒုတိယဝန်ကြီးချုပ် ဝစ်ဆာနုခရီနဂမ်နှင့် ゞင်း၏ အစ်ကို ဆွမ်ကဒ်ဂျတ်တူစရီပါတစ်တို့လည်း အမတ်များ ဖြစ်လာခဲ့ကြသည်။

လာမည့်သီတင်းပတ်များတွင် ကျင်းပမည့် ပါလီမန်အစည်းအဝေးများအပြီးတွင် ဆီးနိတ်အမတ် ၂၅၀ သည် ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အောက်လွှတ်တော်အမတ် ၅၀ဝ နှင့်ပေါင်းပြီး ဝန်ကြီးချုပ်သစ်ကို ရွေးချယ်တင်မြှောက်မည် ဖြစ်သည်။ အမတ်နေရာ ၇၅၀ ရှိသော လွှတ်တော်နှစ်ရပ်ပေါင်းမဲပေးမှုတွင် အများစုဖြစ်သည့် ၃၇၆ မဲ ရလျှင် ဝန်ကြီးချုပ် တင်မြှောက်နိုင်ပြီ ဖြစ်သည်။

စစ်အစိုးရကျောထောက်နောက်ခံပြု ဖာလန်ပရာချက်ပါတီသည် ဆီးနိတ်မှ လူအင်အားကို ရရှိထားပြီဖြစ်သည့်အတွက် ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ရန် အောက်လွှတ်တော်ထဲမှ ၁၂၆ မဲကိုသာ လိုအပ်သည်။

လက်ရှိတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် ဆက်စပ်နေသည့် ဖြူထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအုပ်စုက အောက်လွှတ်တော်ထဲ၌ ၂၄၅ နေရာရရှိထားပြီး ဖာလန်ပရာချက်ဦးဆောင်သော ညွန့်ပေါင်းက ၁၃၅ နေရာရရှိထားသည်။ ကျန်သည့် အောက်လွှတ်တော်အမတ်များနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ အပေးအယူပြုလုပ်ခြင်းများကို ဆက်လက်ပြုလုပ်နေကြသည်။

“အခု ဆီးနိတ်အမတ်ရွေးချယ်ခန့်အပ်မှုမှာ ဆွေမျိုးကောင်းစားရေးဝါဒဟာ သိပ်ကိုဗြောင်ကျလွန်းနေပါတယ်” ဟု Naresuan တက္ကသိုလ်မှ လေ့လာသူ ပေါချိန်ဘာကပြောကြားခဲ့ပြီး ဖာလန်ပရာချက်ပါတီမှာအပေါ် စီးရောက်သွားပြီဟုလည်း ဆိုသည်။

No comments:

Post a Comment