Wednesday, May 15, 2019

ကုလလက်ထောက် အတွင်းရေးမှူးချုပ်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း မြောက်ဦးရှိ စစ်ရှောင်စခန်းအချို့တွင် စားနပ်ရိက္ခာနှင့် သောက်ရေလိုအပ်ဟုဆို

 မြောက်ဦးမြို့နယ် တိမ် ညိုတိုက်နယ် အနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် စားနပ်ရိက္ခာနှင့် သောက်သုံးရေ တစ်ပတ်စာပင်မရှိတော့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)ဥက္ကဋ္ဌ ဦးရွှေ ဘော်စိန်က ပြောသည်။ တိမ်ညိုတိုက်နယ်အနီးတစ် ဝိုက်ရှိ ဘုရားလှ (ပြလှ)၊ ကုလား ချောင်း၊ ဝက်လှ၊ ရှင်ကျော်၊ ရက် ကန်းသည်မ စသည့်ကျေးရွာများ ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် နေထိုင်ရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုများ လိုအပ်နေသည်။



‘‘အလှူရှင်ကတော့ များ သောအားဖြင့် ပြင်ပအလှူရှင် တွေရှိပေမယ့် လိုအပ်နေတဲ့ စခန်းအကုန်လုံးအတွက်မဟုတ်ဘဲ တစ်ပိုင်းတစ်စလောက်ပဲ ပေးနိုင် တယ်။ အများစုက တစ်ပတ်စာ လောက်တောင် မရှိတော့ဘူး။ တချို့ Camp တွေမှာဆိုရင် လေး၊ငါးရက်စာလောက်ရှိပြီးတော့ လူ ၁၀၀ ကျော်လောက်ရှိတဲ့ Camp တွေမှာ ဆန်အိတ် လေး၊ ငါးအိတ် စာလောက်ပဲ ကျန်တော့တယ်’’ ဟု ၎င်းက ပြောသည်။ ဒုက္ခသည်စခန်းများသည် စစ်တွေ-ရန်ကုန် ကားလမ်းမနှင့် ဝေးသည့်အတွင်းဘက်တွင်ရှိပြီး မြေသားလမ်းဖြစ်သည့်အပြင် တံတားများမကောင်းခြင်း၊ သွား လာရခက်ခဲခြင်းကြောင့် လာ ရောက်ထောက်ပံ့သူ နည်းပါးနေ သည်။

ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲအနေဖြင့် တာဝန်ကျ သည့် ကျန်းမာရေးဌာနက သူနာ ပြုဆရာမများသည် အချိန်မှန် မလာပေးနိုင်ခြင်း၊ ဒုက္ခသည်အား လုံးအတွက် သူနာပြုအင်အားမလုံလောက်ခြင်းတို့ ဖြစ်ပေါ်နေပြီး ရေအခက်အခဲကြောင့် ကလေးများ ဝမ်းပျက်ဝမ်းလျှောရောဂါ များဖြစ်ပွားကာ ကိုယ်ဝန်ဆောင်များ အားနည်းနေကြောင်း ဦးရွှေဘော်စိန်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည် ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် က ‘‘လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ငွေ ကြေးတွေ လစဉ်ပံ့ပိုးမှုတွေရှိ တယ်။ အစိုးရအဖွဲ့ကို ရောက်ရှိ လာတဲ့ စာရင်းဇယားနဲ့အတူ ကျွန် တော်တို့ကတော့ မပြတ်လပ်ရ အောင် အမြဲတမ်းပံ့ပိုးနေပါတယ်။ ရေအခက်အခဲနဲ့ ပတ်သက်ပြီး တော့လည်း လိုအပ်တဲ့ ကျေးရွာ တွေကို စီမံချက်နဲ့ ထောက်ပံ့ပေး ထားပါတယ်။ ဒါပေမဲ့ အားလုံး ပြီးပြည့်စုံတယ်လို့တော့ မဆိုလိုပါ ဘူး။ ကျွန်တော်တို့ လက်လှမ်းမမီ တဲ့ နေရာတွေကျတော့ အရပ် ဘက်အဖွဲ့အစည်းတွေအနေနဲ့ ကျွန်တော်တို့ဆီကို အကြောင်း ကြားဖို့လိုပါတယ်’’ဟု ပြောသည်။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ နှစ်ကုန်ကစ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်သူ ၃၅,၀၀၀ ကျော် ရှိလာခဲ့သည်။

No comments:

Post a Comment