အကြမ်းဖက်မှုများ ပို များလာ၍ ဗုဒ္ဓအဆုံးအမဖြစ်သည့် ငြိမ်းချမ်းစွာဖြင့် သဟဇာတမျှတ စွာနေထိုင်နိုင်ရေးကို ဦးတည်ရန် လိုအပ်လာကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့တွင် မေလ ၁၂ ရက်က ကျင်းပသည့် (၁၆)ကြိမ် မြောက်ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်း အနား၌ ပြောကြားသည်။ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ များပြားလာသည့်အချိန်မျိုးတွင် ဗုဒ္ဓ၏ အဆုံးအမများဖြစ်သော ချစ်ခြင်းမေတ္တာကို လက်ကိုင်ထား ပြီး ငြိမ်းချမ်းစွာဖြင့် သဟဇာတ မျှတစွာနေထိုင်နိုင်ရေးကိုဦးတည် သည့် ဗုဒ္ဓနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခြင်းသည် မှန်ကန်မှု ရှိပြီး ခေတ်ကာလအနေအထား အရ ပို၍ပင်လိုအပ်လာသည်ဟု ဆိုရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆိုသည်။
နှစ်စဉ်ကျင်း ပသည့်ဗုဒ္ဓနေ့အခမ်းအနားမှတစ် ဆင့် မတူကွဲပြားသည့် ယဉ်ကျေး မှု၊ ဘာသာတရားနှင့် လူမှုအဖွဲ့ အစည်းများရှိ ပြည်သူများအ ကြား အပြန်အလှန်နားလည်မှုကို မြှင့်တင်ပြီး ငြိမ်းချမ်းမှုကိုမြတ်နိုး သည့် ယဉ်ကျေးမှုစိတ်ဓာတ်အခြေ ခံကို ပြန်လည်နှိုးဆွဖန်တီးပေးနိုင် ရေး အထောက်အကူပြုလိမ့်မည် ဟု ယုံကြည်ကြောင်း နိုင်ငံတော် သမ္မတက ပြောသည်။
No comments:
Post a Comment