Wednesday, May 15, 2019

ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ Compressor စက်များ အရေးပေါ်ရပ်တန့်မှုကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ဖြစ်သည့်အတွက် ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးပေး

ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ Compressor စက်များ အရေးပေါ်ရပ်တန့်မှုကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ဖြစ်သည့်အတွက် ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးလျက်ရှိကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မေ ၁၄ ရက်က အသိပေး ကြေညာထားသည်။ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ ဓာတ်အားပေးလျက်ရှိသော ရတနာကမ်းလွန် ဓာတ်ငွေ့ဖြင့် အသုံးပြုမောင်းနှင်နေသည့် GT စက်များသည် offshore တွင် Compressor နှစ်လုံး အရေးပေါ် S/D ဖြစ်ပေါ်ခဲ့သဖြင့် ရွှေတောင် (၁၅) MW၊ အလုံ (၄၂) MW၊ ရွာမ E-Gat (၆၀) MW၊သီလဝါ (၂၅) MW၊ လှော်ကား (၃၅) MW စက်များ ထွက်သွားခဲ့ပြီး MW ၂၀ဝ ခန့် လျော့နည်းသွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။


ထို့ပြင် နောက်ထပ် စက်သုံးလုံး ၂၀ဝ MW ခန့် ထပ်ထွက်နိုင်ပါသဖြင့် ဓာတ်အားထုတ်လုပ်မှု (၄၀ဝ) MW ခန့် လျော့နည်းသွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေး ကြေညာခဲ့သည်။ ယင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အလှည့်ကျ ဝန်အားလျော့ခြင်းများအပြင် Feederwise အရေးပေါ်  Load Shed များအား ထပ်မံပြုလုပ်နိုင်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မေတ္တာရပ်ခံ အသိပေး ပန်ကြားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရပ်တန့်ခဲ့သော သဘာဝ ဓာတ်အားပေးစက်များ ပြန်လည်စတင်မောင်းနှင်၍ ဓာတ်အားထုတ်လုပ်လျက် ရှိကြောင်းနှင့် သတ်မှတ် Gas Pressure ရရှိသည့်အချိန် တွင် စက်များအားလုံး မောင်းနှင် ဓာတ်အားထုတ်လုပ်ကာ ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးခဲ့ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မေ ၁၄ ရက်၊ ညနေပိုင်းက အသိပေး ကြေညာခဲ့သည်။

No comments:

Post a Comment