Wednesday, May 15, 2019


ထရန့်က ရုရှားနှင့် ဆက်ဆံရေးတိုးတက်ရန် လိုလားစဉ် ပူတင်နှင့် ပွန်ပီယိုတို့ တွေ့ဆုံရုရွားသမၼတ ဗလာဒီမာပူတင်သည် မေ ၁၄ ရက်နှောင်းပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် တွေ့ဆုံခဲ့သည်။ ဗင်နီဇွဲလား၊ အီရန်အရေးမှစပြီး လက်နက်ထိန်းချုပ်ရေးအထိ မြောက်မြားလှစွာသော ကွဲလွဲမှုများနှင့်ပတ်သက်ပြီး တိုးတက်လာမှု ရှိ၊ မရှိစောင့်ကြည့်ကြမည့် ယခုတွေ့ဆုံမှုသည် တစ်နှစ်နီးပါးကာလအတွင်း ပြိုင်ဘက်အင်အားကြီးနှစ်နိုင်ငံကြားမှ ရာထူးအမြင့်ဆုံးတွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပူတင်နှင့် တစ်နာရီကျော်ကြာ ဖုန်းပြောခဲ့ပြီးနောက် ရုရှားအစိုးရနှင့် ဆက်ဆံရေးတိုးတက်လာစေရန် အကောင်းမြင်စိတ်ရှိကြောင်း ပြောကြားခဲ့ပြီး သီတင်းနှစ်ပတ်ပင် မရှိသေးသည့် ကာလအတွင်း ပွန်ပီယိုသည် ပင်လယ်နက်အပန်းဖြေစခန်းဆိုချီသို့သွား၍ ပူတင်နှင့် တွေ့ဆုံခြင်း ဖြစ်သည်။


ပွန်ပီယိုသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့ပြီးနောက်မှ ပူတင်နှင့် တွေ့ခဲ့ခြင်းလည်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားက ဝင်စွက်ဖက်ခဲ့သော်လည်း ထရန့်၏မဲဆွယ်စည်းရုံးအဖွဲ့က ရုရှားနှင့်ပေါင်းကြံခဲ့ခြင်းမရှိခဲ့ဟု စုံစမ်းထောက်လှမ်းသူ ရောဘတ်မူလာက တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသော ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရသည့် အစီရင်ခံစာထွက်ပေါ်လာပြီးနောက် ထရန့်၏ နှစ်နှစ်ကျော်ကြာ သမ္မတ သက်တမ်းတစ်လျှောက်ဖုံးလွှမ်းနေသည့် အရိပ်မည်းမှာ တစ်စိတ်တစ်ပိုင်းလွင့်စင်သွားခဲ့သည်။ ယင်းနောက်ပိုင်း နှစ်နိုင်ငံ သံတမန်ရေးဆက်ဆံရေးနှင့်ပတ်သက်ပြီး အသစ်ထပ်မံကြိုးပမ်းလာခြင်း ဖြစ်သည်။

ထရန့်သည် ယမန်နှစ် ဇူလိုင်လက ပူတင်နှင့် ဟယ်ဆင်ကီး၌ တွေ့ဆုံခဲ့သည်။ ထိုတွေ့ ဆုံမှုအတွင်း ပူတင်က အမေရိကန် ရွေးကောက်ပွဲတွင် ဝင်မစွက်ဖက်ခဲ့ဟုပြောကြားခဲ့သည်ကို ထရန့်က ပူတင်၏ မျက်နှာရိပ်မျက် နှာကဲကိုကြည့်ပြီး ယုံကြည်ပုံပြခဲ့သဖြင့် အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းမှာ အံ့အားသင့်ခဲ့ရသည်။ အဆိုပါ ဟယ်ဆင်ကီး တွေ့ဆုံမှုပြီးနောက်ပိုင်း ပွန်ပီယိုသည် ပူတင်နှင့်တွေ့သည့် ရာထူးအမြင့်ဆုံး အမေရိကန်အစိုးရ အရာရှိဖြစ်လာသည်။

ပွန်ပီယိုသည် ပူတင်နှင့် မတွေ့မီနာရီ အနည်းငယ်အလိုကစစ်ဘက်ထိပ်တန်းလေကြောင်း စမ်းသပ်ရေးစင်တာတစ်ခုသို့သွား၍ လက်နက်သစ်များကို ကြည့်ရှုခဲ့သည်။

ထရန့်သည် ပူတင်နှင့် ပြန်လည်ရင်ကြားစေ့လိုသည့် ရည်ရွယ်ချက်ရှိနေသော်လည်း ဗင်နီဇွဲလားပြဿနာ၊ အီရန်၊ ဆီးရီးယား ပြည်တွင်းစစ်၊ ယူကရိန်းပဋိပက္ခတို့အပါဝင် မဟာဗျူဟာမြောက်သည့် မေးခွန်းအမြောက် အမြား၌ နှစ်နိုင်ငံမှာ ထိပ်တိုက်တွေ့နေကြရသည်။ ထို့ပြင်အမေရိကန်ရွေးကောက်ပွဲကို ဝင်စွက်ဖက်မှု၊ ယူကရိန်းမှ လက်နက်ကိုင်ခွဲ ထွက်ရေးသမားများကို ပံ့ပိုးမှုကြောင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်လက်ချမှတ်နေသည့် အမေရိကန်အစိုးရအဖွဲ့အတွင်း၌လည်း ပူတင်နှင့် နီးစပ်လိုသည့် ထရန့်၏ စိတ်အားထက်သန်မှုကို လိုလားမှုနည်းပါးနေသည်။

ပွန်ပီယိုသည် ထရန့်နှင့် နီးစပ်သော ဆက်ဆံရေးရှိသော်လည်း ပူတင်နှင့်မတွေ့မီ သုံးရက်အလိုဖြစ်သော မေ ၁၁ ရက်က ကယ်လီဖိုးနီးယား၌ ပြောခဲ့သည့် ゞင်း၏မှတ်ချက်များကြောင့် ゞင်း၏သဘောထားကို ရှင်းရှင်းလင်းလင်းမသိနိုင် ဖြစ်ရသည်။ “စစ်အေး ခေတ်ပြီးတာ နှစ် ၃၀ ရှိပါပြီ။ ပူတင်အစိုးရကတော့ သွေးအေးအေးနဲ့ အတိုက်အခံတွေကိုသတ်ပြီး အိမ်နီးချင်းနိုင်ငံတွေကို ကျူးကျော်နေပါတယ်” ဟု ပွန်ပီယိုက ဆိုခဲ့သည်။

No comments:

Post a Comment