Wednesday, May 15, 2019

တန့်ယန်းမြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ လားရှိုး-တန့်ယန်း သွားလမ်းမပေါ် မိုင်တိုင်အမှတ် (၅/၇) အနီး ခါးသျှိ အောက်ရွာနှင့် မန်ပျဉ်ကျေးရွာကြားတွင် မေ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲက လားရှိုးမြို့ အမှတ် (၂၄) မူးယစ်တပ်ဖွဲ့စုမှ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ တားဆီးနှိမ်နှင်းရေး ဆောင်ရွက်စဉ် တန့်ယန်းမှ လားရှိုးဘက်သို့ ဦးတည်မောင်းနှင်လာသည့် NISSAN X-TRAIL အမျိုးအစား အဖြူရောင်ယာဉ်ပေါ်မှ လက်နက်ခဲယမ်းများ ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသည့် YGN/---- ယာဉ်သည် စစ်ဆေးနေသည့်နေရာ မရောက်မီ ကိုက် ၅၀ ခန့်အလိုတွင် ရုတ်တရက် ရပ်တန့်နေသဖြင့် စစ်ဆေးရန် သွားရောက်စဉ် ယာဉ်ပေါ်ပါ အမျိုးသား လေးဦးအနက် နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး မော်တော်ယာဉ်ပေါ်မှ စိုင်းခမ်းကျော် (၃၈) နှစ်၊ ပိန်းဆာရပ်ကွက်၊ နမ့်ခမ်းမြို့တွင် နေထိုင်သူ စိုင်းလှရွှေ (၁၉)နှစ် ပုံဟောင်ခူးကျေးရွာ၊ တန့်ယန်းမြို့နယ် နေထိုင်သူ နှစ်ဦးအား ထိန်းသိမ်းထားရှိပြီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်၏ အင်ဂျင်ခန်း၊ ရှေ့လေကာမှန်ကြီးအောက်၊ အင်ဂျင်နောက်ကာဘာ အံဝှက်အတွင်းနှင့် ယာဉ်နောက်ခန်း ယာဘက်ထိုင်ခုံ ကျောမှီဆိုဖာအတွင်း သိုဝှက်ထည့်သွင်း သယ်ဆောင်လာသော လက်နက်များ ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ TWS 059 GLOCK အမျိုးအစား AUSTRIA နိုင်ငံထုတ် ပစ္စတိုသေနတ် (၁) လက်၊ TZD 722 အမျိုးအစား AUSTRIA နိုင်ငံထုတ် ပစ္စတိုသေနတ်တစ်လက်၊ RLB 298 အမျိုးအစား AUSTRIA နိုင်ငံထုတ် ပစ္စတို သေနတ်တစ်လက်၊ သေနတ်နံပါတ် 13F 82426 CHIAPPA M Four . 22 အမျိုးအစား ITALY နိုင်ငံထုတ် သေနတ်အရှည်တစ်လက်၊ GLOCK ပစ္စတိုသေနတ် ကျည်ဘောက်ခြောက်ခု၊ 13F 82426 CHIAPPA M Four . 22 သေနတ်ကျည်ဘောက် အရှည်နှစ်ခု၊ VT-Z 4x32 နေ့ကြည့် စနိုက်ပါ မှန်ပြောင်းတစ်ခု ၊ 3-9 x 40IR နံပါတ်ပါ SPAIN နိုင်ငံထုတ် ညကြည့် စနိုက်ပါ မှန်ပြောင်းတစ်ခု၊ ပွိုင့် ၂၂ ကျည် ၇၅၀ တောင့်၊ ပွိုင့် ၂၂ သေနတ်အတို ကျည်ဘောက်နှစ်ခု၊ သေနတ်နှင့် စနိုက်ပါ မှန်ပြောင်းချိတ်ဆက်သည့် သံကွင်းလေးခု၊ GLOCK ကျည်အိမ်ထည့် ကော်စွပ်တစ်ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် စိုင်းခမ်းကျော်နှင့် စိုင်းလှရွှေတို့ နှစ်ဦးအား စစ်ဆေးရာ ထွက်ပြေး တိမ်းရှောင်သူများမှ ယာဉ်မောင်း အိုက်ဝင်း (၂၅) နှစ်၊ တန့်ယန်းမြို့တွင် နေထိုင်သူနှင့် ゞင်း၏သူငယ်ချင်းဖြစ်သူ အိုက်စိုင်း (၃၀) နှစ်တို့ဖြစ်ပြီး ゞင်းတို့နှစ်ဦးသည် မူဆယ်မြို့သို့ သွားရောက်ရန်အတွက် ဖမ်းဆီးခံရသော ယာဉ်ဖြင့် မန်ကတ်ကျေးရွာ အနီးမှ ကားကြုံလိုက်ပါလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကနဦး သိရသည်။

No comments:

Post a Comment