Wednesday, May 15, 2019

တပ်မတော်(ရေ)မှမြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်တွင် ၂၂ ဦးမြောက် ကလေးငယ်အားခွဲစိတ်မီးဖွားပေးနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိကျေးရွာများမှဒေသခံပြည်သူများကိုကျန်းမာရေးစောင့်ရှောက်မှုများပေးရန်အတွက် ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲများဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းလိုက်လံဆောင်ရွက်ပေးလျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၁၃ ရက်နေ့ ညပိုင်းတွင် ကျိုက်လတ်မြို့နယ် ဒါနချောင်းကျေးရွာတွင်နေထိုင်သူ ဒေါ်ကေခိုင်အား သားဖွားနှင့်မီးယပ်ပါရဂူ ဗိုလ်မှူးသန်းဇော်လင်းမှ သမီးမိန်းကလေးမွေးဖွားသန့်စင်ပေးခဲ့သည်။



အဆိုပါမွေးဖွားမှုသည် ဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်တွင် ၂၂ ဦးမြောက်မွေးဖွားပေးခြင်းဖြစ်ပြီး ကလေးငယ်မှာ ကိုယ်အလေးချိန် ၆ ပေါင် ၅ အောင်စ ရှိပြီး ကလေးရောမိ ခင်ပါကျန်းမာလျက်ရှိပါသည်။

ဆေးရုံရေယာဉ်(ရွှေပုဇွန်) ပေါ်တွင် ယောင်္ကျားလေး ၅ ဦး မိန်းကလေး ၁၇ ဦး စုစုပေါင်း ၂၂ဦး အားမွေးဖွားသန့်စင်ပေးနိုင်ခဲ့ပြီး မွေးဖွားခဲ့သည့်ကလေးငယ်များအတွက်လည်း ဆေးရုံရေယာဉ်(ရွှေပုဇွန်) မြစ်ရေယာဉ်(စကု) နှင့်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့များမှဆေးဝါးနှင့်လိုအပ်သည်များကိုထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment