Wednesday, May 15, 2019

ရွှေဘိုထောင်ဆူပူမှု ထောင်ပိုင်ကြီးနှင့် မသက်ဆိုင်ဟု အကျဉ်းဦးစီးဌာနပြော

 ရွှေဘိုထောင်ဆူပူ မှုကို ထောင်ပိုင်ကြီးစေခိုင်းသဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု စွပ်စွဲမှု များသည် မှန်ကန်ခြင်းမရှိဘဲ အဓိပ္ပာယ်လုံးဝမရှိကြောင်း အ ကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးမင်းထွန်းစိုးက ပြော ကြားသည်။ ‘‘ထောင်ပိုင်က ခိုင်းတာမှ မဟုတ်တာကြီး၊ ခိုင်းမှ မခိုင်းတာ။ ပေါက်ကရပြောနေတာ။ ဆူပူခိုင်း ပါ့မလား’’ဟု ၎င်းက 7Day Daily သတင်းစာအား ပြောသည်။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ရွှေဘိုထောင်လာရောက်ချိန်တွင် တင်ပြစရာရှိသည်များတင်ပြရန် ပြောကြားခိုင်းမှုများသာ ရှိကောင်း ရှိနိုင်ကြောင်း ဦးမင်းထွန်းစိုးက ဆိုသည်။
‘‘ထောင်ပိုင်က ထောင်မှာ မင်းတို့ဆူကြလို့ ဘယ်သူက ပြောမလဲကွာ။ ထောင်ဆူပြီဆိုရင် ဒီ ထောင်ပိုင် ပြုတ်ထွက်သွားမှာ ပေါ့’’ ဟု ၎င်းက ရှင်းပြသည်။

ရွှေဘိုအကျဉ်းထောင်ဆူပူမှု သည် ထောင်ပိုင်ကြီးဆူခိုင်း၍ လုပ်ရခြင်းဖြစ်ကြောင်း အကျဉ်း သားအချို့က စစ်ကိုင်းတိုင်းဝန် ကြီးချုပ်နှင့် သီးသန့်တွေ့ဆုံချိန်၌ စွပ်စွဲပြောကြားတင်ပြခဲ့သည်ဟု DVB  သတင်းဌာနတွင် ဖော်ပြထား သည်။

ထောင်ပိုင်ဆူခိုင်းသည်ဟု ယခုလိုလက်လွတ်စယ်ပြောကြား ခြင်းသည် အကျဉ်းဦးစီးဌာနတစ် ခုလုံးကို ထိခိုက်နိုင်သည့် အနေ အထားမျိုး ဖြစ်သွားစေကြောင်း ဦးမင်းထွန်းစိုးက ဆိုသည်။ ရွှေဘိုအကျဉ်းထောင်ဆူပူမှု ကို လူမှုကွန်ရက်ပေါ်သို့ Live လွှင့်တင်ခဲ့သူ အပါအဝင် အကျဉ်းသား သုံးဦးနှင့် ဖုန်းခိုးသွင်းသည့် ဝန် ထမ်းတစ်ဦးကို ရွှေဘိုမြို့နယ် တရားရုံးက မေလ ၁၃ ရက်တွင် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ သည်။

No comments:

Post a Comment