Wednesday, May 15, 2019

မန္တလေးဆိပ်ကမ်းသည် ပြည်တွင်း၌ ပထမဆုံး ခေတ်မီဆိပ်ကမ်းတစ်ခုဖြစ်လာမည်ဟုဆို

 မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းပြီးပါ က မြန်မာနိုင်ငံ၏ ပထမဆုံး ခေတ်မီပြည်တွင်းဆိပ်ကမ်းတစ်ခုဖြစ် လာမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က ပြော ကြားသည်။ လာမည့် ၂၀၂၁ တွင် ပြီးစီး မည်ဟု ခန့်မှန်းထားသော မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်းကို ဂျပန်နိုင်ငံ အထောက် အပံ့ဖြင့် ကန်ဒေါ်လာ ၅၅ ဒသမ ၄ သန်းကုန်ကျမည်ဟု ခန့်မှန်းကြောင်း ဦးဝင်းခန့်က ဆိုသည်။ ‘‘အဲဒီ ဆိပ်ကမ်းပြီးပြီဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ခေတ်မီပြည် တွင်း ရေကြောင်းဆိပ်ကမ်းတစ်ခု ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြား သည်။


မေလ ၁၃ ရက်က နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အ တွက် တတိယတစ်နှစ်တာအ တွင်း ဆောင်ရွက်မှုများနှင့် ပတ် သက်၍ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအတွင်း မီဒီယာများ ၏ မေးမြန်းမှုကို ဦးဝင်းခန့်က အ ထက်ပါအတိုင်း ပြန်လည်ဖြေ ကြားသည်။

လက်ရှိ အသုံးပြုနေသော ဧရာဝတီ၊ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ဆိပ်ကမ်းများ သည် ခေတ်မီဆိပ်ကမ်းများမဟုတ် ဘဲ မိရိုးဖလာအသုံးပြုသော ဆိပ် ကမ်းများသာဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းကို မန္တလေးမြို့ ကမ်းနားလမ်း ရွှေလှံဗိုလ်ဘုန်း ကြီးကျောင်း အနောက်ဘက်ရှိ မြေဧက ၂၀ တွင် တည်ဆောက် မည်ဖြစ်သည်။ အဆိုပါ စီမံကိန်း အတွက် ဂျပန်အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီ (JICA)နှင့် အစိုးရတို့ ၂၀၁၈အောက်တိုဘာ ၃ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ သည်။ စီမံကိန်းတည်ဆောက်မည့် ဆိပ်ကမ်းအသစ်၌ ကွန်တိန်နာ များနှင့် သိုလှောင်ရုံများ၊ ကုန် ပစ္စည်းထားသိုရန် မြေနေရာများ၊ ဆိပ်ခံတံတားများ၊ ချဉ်းကပ် တံတားများ၊ ကုန်ပစ္စည်းများ သင်္ဘောပေါ်တင်ရန် စက်ကိရိ ယာများ တပ်ဆင်မည်ဖြစ်သည်။ ယင်းစီမံကိန်းအတွက် ၂၀၁၇ က စတင်၍ အကြိုလေ့လာပြီး ယခု နှစ် နိုဝင်ဘာတွင် စတင်အကောင် အထည်ဖော်မည်ဖြစ်ကာ ၂၀၂၁ နှစ်ကုန်၌ ပြီးစီးမည်ဖြစ်သည်။

No comments:

Post a Comment