Wednesday, May 15, 2019

အာဖရိကဈေးကွက်ကိုဆန်တန်ချိန်နှစ်သိန်းအထိ တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည် ဟု စင်ကာပူကုမ္ပဏီ တင်ပြထား

မြန်မာ့ဆန်များကို တဆင့်ဝယ်ယူရောင်းချနေသည့် စင်ကာပူအခြေစိုက် အိုလန်ကုမ္ပဏီက လာမည့်နှစ်တွင် ဆန်တန်ချိန်နှစ်သိန်းအထိ အာဖရိကဈေးကွက်ကို တင်ပို့နိုင်ရေးဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တင်ပြထားကြောင်းသိရသည်။ "ဒီစင်ကာပူ အိုလန်ကုမ္ပဏီကလည်း တစ်နှစ်ကို အရင်က ဆန်တန်ချိန် တစ်သိန်းခွဲဝယ်နေရာကနေ နှစ်သိန်းအထိတိုးပြီးဝယ်ပေးပါ့မယ်ဆိုတာမျိုး ဒီဖက်ကိုတင်ပြထားပါတယ်။ အာဖရိကဈေးကွက်ကို ထပ်ပြီးထိုးဖောက်ပေးပါ့မယ်လို့လည်း တင်ပြထားပါတယ်။ စင်ကာပူက Byer ကုမ္ပဏီကလည်း ဒီမြန်မာ့ဆန်ကို အာဖရိကဈေးကွက်ကိုဆက်ပို့နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကဆိုသည်။


ပြည်တွင်းမှ အာဖရိကဈေးကွက်အပါအဝင် နိုင်ငံတကာသို့ဆန်တင်ပို့ရာတွင်တိုက်ရိုက်ရောင်းချခြင်းမဟုတ်ဘဲ တဆင့်ခံကုမ္ပဏီများဖြင့်ချိတ်ဆက်ရောင်းချနေခြင်းဖြစ်သည်။

ယခင်က အာဖရိကဈေးကွက်သို့ တစ်နှစ်လျှင်ဆန်တန်ချိန်တစ်သိန်းခွဲခန့်သာတင်ပို့နေသော်လည်း လာမည့်နှစ်အတွက်ဆန်တန်ချိန်နှစ်သိန်းအထိ တိုးမြှင့်တင်ပို့နိုင်ရေးကို စင်ကာပူကုမ္ပဏီက ကြိုးစားဆောင်ရွက်သွားမည်ဟု တင်ပြထားခြင်းဖြစ်သည်။

No comments:

Post a Comment