Wednesday, May 15, 2019

တောင်ကိုရီးယားပြန် မြန်မာအလုပ်သမား ၇၅၀ ကျော်အတွက် အာမခံငွေကျပ်သိန်း ၁,၀၀၀ ကျော်ထုတ်ပေးပြီးဟုဆို

 တောင်ကိုရီးယားပြန် မြန်မာအလုပ်သမား ၇၅၀ ကျော် အတွက် အာမခံငွေကျပ်သိန်း ၁,၀၀၀ ကျော် ထုတ်ပေးထား ကြောင်း အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။ တောင်ကိုရီးယားပြန် မြန်မာ အလုပ်သမားများကို ဧပြီ ၂၉ ရက် ကစကာ အာမခံပေးသွင်းငွေများ တစုတစည်းတည်း ပြန်လည်ထုတ် ပေးနေခြင်း မေလ ၁၃ ရက် (နှစ်ပတ်ခန့်အတွင်း) အထိ လုပ်သား ၇၄၀ ဦးထုတ်ယူခဲ့သည်။ ‘‘ဒီနေ့ (မေလ ၁၄) မှာ နေ့ လယ်ပိုင်းအထိ ၂၈ ဦးထုတ်ပေး ထားတယ်’’ဟု ရန်ကုန်တိုင်းဒေသ ကြီး အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန အကြီးတန်းအရာရှိတစ် ဦးက ပြောသည်။



ထို့ကြောင့် ယမန်နေ့ နေ့ လယ်ပိုင်းအထိ အာမခံငွေထုတ် ယူသည့် လုပ်သား ၇၆၈ ဦးရှိပြီး ထုတ်ပေးသည့် ငွေပမာဏ ကျပ် သိန်း ၁,၁၀၀ ကျော်ရှိသည်။  တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ခွင့်ရရှိသည့် အလုပ်သမားများသည် မသွား ရောက်မီ တစ်ဦးလျှင် အာမခံငွေ ကျပ် ၁၅ သိန်းကို အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသို့ ပေး သွင်းရခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် လုပ်သက် ပြည့်လုပ်ကိုင်ပြီး ပြန်လည်ရောက် ရှိပါက အာမခံငွေထုတ်ယူနိုင် သော်လည်း လနှင့်ချီ၍ ထုတ်ယူ ခွင့်ရရှိရန် စောင့်ဆိုင်းရလေ့ရှိ သဖြင့် ဝေဖန်မှုများထွက်ပေါ်ခဲ့ သည်။ ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနက ပြန်လည်သုံး သပ်ပြီး လုပ်သား၁,၀၀၀ကျော်ကို တစုတစည်းတည်း အာမခံငွေထုတ်ပေးရန် ခွင့်ပြုခဲ့သည်။

No comments:

Post a Comment