Wednesday, May 15, 2019

သုနက္ခလမ်းညွှန်

(က) ‘သားသတ်လွတ်’ မစားဘဲ ‘အသားဝါးသူ’ ဖြစ်သော်ငြား ‘ဆာသော်ဒိုး’ ကား ‘တိရစ္ဆာန်ချစ် သူ’ တစ်ဦးဖြစ်ပါ၏။ ငယ်စဉ်  တောင်ကျေးကလေးဘ၀အရွယ်  နယ်မှာ နေရစဉ်အခါက အိမ်ခြံ ၀င်းကျယ်ကျယ်ထဲမှာ ခွေးတွေ ရောကြောင်တွေပါ မွေးခဲ့ပါလေ ၏။ ခွေး၊ ကြောင်သာမက ကြက် လည်းမွေး၏။ နွားလည်းမွေးပါ ၏။ ဥစားကြက်တွေ၊ နို့စားနွားမ တွေအပြင် ဘဲရောမန်ဒါလီပါ မွေးမြူဖူးပါလေ၏ ခင်ဗျာ။ အဲသည်ခေတ်အခါက အ ဖေတပ်ပြောင်းရာမြို့၊ရွာများသို့ ရောက်တာနှင့် အိမ်၏ရှေ့နောက် ၀ဲယာမှာ နေရာလွတ်မထားဘဲ မွေးပါ၏။ စိုက်ပါ၏။ ‘စားလို့ရ တာအကုန်မွေး၊ စားလို့ရတာအ ကုန်စိုက်’ ဆောင်ပုဒ်နဲ့လူလုပ်ခဲ့ ကြသည့် ခေတ်ကြီးကိုးခင်ဗျ။ ဘေးပတ်ဝန်းကျင် အိမ်ထောင် သည်လိုင်း နေမိသားစုဝင်တွေ ကလည်း စိုက်ကြ၊ မွေးကြ၏။


စားလို့ရတာအကုန်စိုက်၊ စားလို့ရတာအကုန်မွေး ဆိုသော် ငြားခြွင်းချက်တော့ဖြင့်ရှိ၏။ ခွေး   လေးတွေ၊ ကြောင်လေးတွေကို ကားအလှကြည့်ကာချစ်၍ မွေး ခဲ့ခြင်းပါ။ အဲသည်မှာ ‘ကြောင်’ မွေးတဲ့အိမ်များသော်ငြား ခွေး မွေးတဲ့သူကားအတော်နည်းပါး လှပါ၏။ ကြောင်နှင့် ခွေးမှာ ခွေး က ‘ပြဿနာ’ ရှိပုံရပါ၏။

သဘောကောင်းသည့် ခွေး ပင်ဖြစ်သော်ငြား ‘သားပေါက် မိခင်’ ဖြစ်လာပါက အိမ်ရှေ့မှ ဖြတ်သွားဖြတ်လာ နဂိုခင်မင်ရင်း စွဲရှိခဲ့သူများကိုပါ ‘ဆွဲ’ ပါ၏၊ ‘ခဲ’   ပါ၏၊ ‘လိုက်’ ပါ၏၊‘ကိုက်’ ပါ၏ ခင်ဗျ။ ဆာသော်ဒိုးအလယ်တန်း ကျောင်းတက်ခဲ့ရာ ပြည်မြို့ အထက (၃) ရှေ့မှာ ‘မငယ် တိုက်’ ဆိုတာရှိပါ၏။ ဆေးပြင်း လိပ်ထုတ်လုပ်တဲ့ တိုက်ကြီးခင်ဗျ။   အဲသည်မငယ်တိုက်ရှေ့က နေ တစ်ရက်အဖြတ်မှာ ခွေးအနက် တစ်ကောင်ဟာ ရုတ်တရက်ပြေး လာပြီးခြေသလုံးကို ‘ဆွဲခါ’ လိုက် တာသွေးစက်စက်ယိုပေါ့ခင်ဗျ။ အဲဒါအဖေ့အစ်မက   အိမ်ပြန်ခေါ် လာပြီး ရေဆေးကြောပေးကာ ဟိုဆေး၊ သည်ဆေးတွေသိပ်ပေး ပါ၏။ ညနေပိုင်းအဖေရုံးက ပြန်လာတော့ အကြောင်းစုံသိ လေရာဒေါသထွက် ၀ုန်းဒိုင်းကြဲ ပြီးအစ်မလုပ်သူကို ဆူပူပါလေ တော့၏။

ပြီးတော့ချက်ချင်းပဲ အဖေ ဟာ ဆာသော်ဒိုးကိုခေါ်ပြီး ‘ဆေး တပ်’ ကို အပြေးအလွှားသွား၊ ခွေးကိုက်ခံရတဲ့အကြောင်းပြော၊  အနာကို ဖန်ရေဆေးခိုင်းပြီးတဲ့အ ခါဗိုက်ရဲ့ ‘ချက်ဘေး’ မှာ ဆေး တစ်လုံးထိုးခံခဲ့ရပါသဗျ။ အဲ သည်နေ့ကစလို့ နောက်ထပ် ၁၃ ရက်တိတိ အချိန်မှန်မှန်သွားကာ ကျန် ၁၃ လုံးကိုချက်ဘေးပတ် ပတ်လည်မှာထိုးပေးခဲ့ပါတယ်။

ငယ်ငယ်က အဲသလိုဗိုက် မှာ ဆေး ၁၄ လုံးအထိုးခံခဲ့ရပြီး တဲ့နောက် ဆာသော်ဒိုးဟာခွေး ကို ‘ကြောက်သွားခဲ့’ ပါတော့ တယ်။ ကျောင်းသွားရင်းဒီဘက်  လမ်းမှာ ခွေးကို မြင်ရင် ဟိုဘက် လမ်းဘက်ကူးပြီး လျှောက်ပါ တယ်။ ‘လက်မ’ ကိုကျန်လက် ချောင်းနဲ့ဆုပ်ပြီး သွားပါတယ်။   ရှေးအယူအဆအရအဲသလိုလက် သီးဆုပ်ပုံသဏ္ဌာန်နဲ့ဆို ခွေးမ ကိုက်ပါဘူးတဲ့။

(ခ) ကြီးလာတဲ့အထိ ‘ခွေး ကြောက်စိတ်’ ရှိသော်လည်း ခွေး  တွေနဲ့လက်ပွန်းတတီးတော့ ရှိဆဲ ပါ။ ပြင်ဦးလွင် ထန်းရိပ်ညိုက ‘မေရီ’ တို့၊ ‘ဘမ်ဘီ’ တို့ဆိုတဲ့ ခွေးဘော်ဒါတွေဟာ ဆာသော်ဒိုး ကို ခင်ပါတယ်။ မန္တလေးက ကာ တွန်းအောင်မော့်အိမ်က ခွေးလေး   တွေလည်း ကျွန်ုပ်နဲ့တည့်ပါတယ်။  ရန်ကုန်က ပန်းချီဆရာအောင်ကို့ အိမ်က ခွေးလေးတွေလည်းကိုက် ပင်ကိုက်တတ်သော်ငြား ဆာ သော်ဒိုးသွားရင် မြင်တာနဲ့အပြေး    ရောက်လာကာ နှစ်ကောင်စလုံး လူပေါ်ကို လုတက်ကြပါသဗျ။ လျှာနဲ့ဝိုင်းလျက်ကြပါသဗျ။

သည့်အပြင် မြန်ပြည်အနှံ့ တလေတစ်ခါခရီးတွေ ဆန့်ရင်  လည်း ဘယ်နယ်ရောက်ရောက်၊ဘယ်ယာဉ်ရပ်နားစခန်းရောက်၊ ရောက်အဲသည် နေရာတွေက ‘အပိုင်စား’ သုနက္ခဘော်ဒါတွေ  ဟာ ဆာသော်ဒိုးနားလာပြီး မိတ် ဆွေဖွဲ့တတ်ကြပါတယ်ခင်ဗျာ။

‘လူချစ်လူခင်ပေါတယ်’ လို့ ပြောတတ်ကြသလိုမျိုးပဲ ဆာ သော်ဒိုးကိုလည်း ‘ခွေးချစ်ခွေးခင် ပေါတယ်’ လို့ဆိုကြပါတယ်။ ခွေး ချစ်ပေမယ့် ‘အကိုက်မခံရအောင်’  တော့ ဂရုစိုက်ရတာပေါ့ခင်ဗျာ။ ‘ခွေးရူးပြန်ရောဂါ’ ဆိုတာအင် မတန်ကို ကြောက်စရာလန့်စရာ ရောဂါကြီးခင်ဗျ။ ရောဂါဆိုးကြီး  ခင်ဗျ။

(ဂ) အခုဆို‘ခွေးရူးပြန်ရောဂါ’ ကြောင့်ခွေးလေခွေးလွင့်တွေကို ‘ရှင်းလင်း’ ကြဖို့မြို့ရွာအနှံ့စီစဉ်  နေကြပါတယ်။ ‘ရှင်းလင်း’ တာ အပြင် ‘သုတ်သင်’ တာပါ ပါပါ တယ်။ ‘အဆိပ်ချ’ တာ၊သားကြော ဖြတ်’ တာ၊ ‘ခွေးဂေဟာ’ တွေမှာ ထိန်းသိမ်းထားတာတွေ အတွက်  ဘဏ္ဍာငွေအတော့်ကို ကုန်ပါ တယ်ခင်ဗျာ။ အခုဆိုရင် မြန်မာ ပြည်မှာ လေလွင့်ခွေးစုစုပေါင်း ၃ဒသမ၈ သန်းကျော်ရှိသတဲ့။

လူထုအတွက် ကြောက် စရာ၊ အစိုးရအတွက် ခေါင်းခဲ စရာပါ။ သတင်းတွေအရ ‘နေ ပြည်တော်’ မှာ ‘ခွေဘေးမဲ့ခြံကြီး’ တစ်ခုတည်ဆောက်တော့မှာဆို ပဲ။ တစ်ပြည်လုံးက အိမ်ခြေယာ ခြေမဲ့၊ပိုင်ရှင်မဲ့သုနက္ခတွေအကုန် လုံးပြုံးပျော်နိုင်ကြဖို့ရာ နီးလာပါ ပြီ။

(ဃ) တစ်ရက်မတော့ လက်ဖက် ရည်ဆိုင်ထဲကို တပည့်ကျော် ‘ဉာဏ်ပြောင်’ ထော့နဲ့ထော့နဲ့နဲ့ မျက်နှာရှုံ့မဲ့ကာရောက်လာပါ တယ်။ ခွေးကိုက်ခံရလို့ဆေးခန်း မှာခွေးရူးပြန်ကာကွယ်ဆေး ထိုး ပြီးပြန်လာတာတဲ့။ သူကအကြိမ် ကြိမ်အကိုက်ခံရဖူးနေကျ။

 ‘‘ကျွန်တော့်သဘောက တော့ အိမ်နီးချင်းပေါက်ဖော်ကြီး တို့၊ ကိုရီးယားတို့၊ ဗီယက်နမ်တို့ ကို ကန်ထရိုက်ချပေးလိုက်စေချင် တယ်ဗျာ။ ဘဏ္ဍာငွေမကုန်ဘဲ ‘ရှင်း’ သွားမယ်ဆရာ’’

No comments:

Post a Comment