Wednesday, May 15, 2019

သူငယ်တန်းမတက်ရသေးသည့် အသက်(၆)နှစ်ပြည့်ကလေးများကို ပထမတန်းသို့ တက်ခွင့်ပြု

အသက်(၅)နှစ်ပြည့်ချိန် တွင် သူငယ်တန်းမတက်ရသော အသက်(၆)နှစ်ပြည့်ပြီး ကလေးများကို ပထမတန်းသို့ တက်ခွင့်ပြုမည်ဟု ပညာရေးဝန်ကြီးဌာနက သတ်မှတ်သည်။ ၂၀၁၉-၂၀ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး မေလ ၂၅ ရက်ကစတင်ကာ ကျောင်းတိုင်းတွင် ကျောင်းအပ် လက်ခံမည်ဖြစ် သည်။ အသက်(၅)နှစ်ပြည့်သူ တိုင်း သူငယ်တန်း(KG)၊ အသက် (၆)နှစ်ပြည့်သူတိုင်း ပထမတန်း (Grade-1)တွင် ကျောင်းအပ်နိုင် ကြောင်း ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်ရာ အသိပေးချက်၌ ကြေညာ ထားသည်။
၂၀၁၇-၁၈ ပညာသင်နှစ် ကတည်းက ပထမတန်းကို သင်ရိုး ညွှန်းတမ်းအသစ်ပြောင်းထားပြီး သင်ရိုးသစ်ပထမတန်းသည် သူ ငယ်တန်းမတက်ဖူးသည့် ကလေး ငယ်များပါ တိုက်ရိုက်သင်နိုင်၍ ယင်းသို့ တက်ရောက်ခွင့်ပြုခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသ ကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

‘‘သူငယ်တန်းက ကလေး တွေကို ကစားတာ၊ ကတာ၊ ခုန် တာမျိုးကို သင်ပေးတာ။ အရင်က လို အရေး၊ အဖတ်အတွက် Heavy တွေ မပါသေးတော့ ကလေးက သူငယ်တန်းမတက်ဖြစ်ဘူးလား၊ ဒါဆို သူ(၆)နှစ်ပြည့်ပြီလား၊ ပြည့်ရင် ပထမတန်း တန်းတက်လို့ရတဲ့သဘောပေါ့။ ဖြစ်နိုင်ရင် သူငယ်တန်းက စတက်၊ မတက်နိုင်ရင် တစ်တန်း တန်းတက်လည်း (၆)နှစ် ကလေးဉာဏ်ရည်နဲ့ဆို မီတဲ့သဘောပေါ့’’ ဟု အဆိုပါတာဝန်ရှိသူ က ရှင်းပြသည်။

ဇွန်လကျောင်းဖွင့်ချိန်တွင် အသက်(၆)နှစ်ပြည့်ရန် သုံးလအ လိုအထိ ကလေးများလည်း သက်ဆိုင်ရာ ထောက်ခံချက်များဖြင့် ပထမတန်းသို့ တိုက်ရိုက်တက် နိုင်ကြောင်း အခြေခံပညာဦးစီးဌာ နက ကြေညာသည်။ အသက်(၆)နှစ်ပြည့်ရန် တစ်လလိုပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီး ထောက်ခံချက်၊ နှစ်လလိုပါက မြို့နယ်ပညာရေးမှူးထောက်ခံ ချက်၊ သုံးလလိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေး ညွှန် ကြားရေးမှူး ထောက်ခံချက်ဖြင့် ကျောင်းအပ်ရမည်ဖြစ်သည်။

ယင်းသို့ကျောင်းအပ်နှံရာတွင် ကျောင်းအပ်မည့် ကလေး၏မွေးစာရင်း၊ အိမ်ထောင်စုစာရင်းများ တင်ပြရမည်ဖြစ်ပြီး အသက်အရွယ်ပြည့်မီခြင်းရှိ၊ မရှိ ယင်းအ ချက်အလက်များဖြင့် တိုက်ဆိုင် စစ်ဆေးမည်ဖြစ်သည်။ သို့သော် မွေးစာရင်းမရှိသေးသော ကလေး များကို မိဘဝန်ခံချက်ဖြင့် ကျောင်း အပ်လက်ခံရန် ညွှန်ကြားထားသည်။

ပညာရေးဝန်ကြီးဌာနက သူ ငယ်တန်း+၁၂ တန်း ပညာရေး စနစ်သစ်ကို ၂၀၁၆-၁၇ ပညာ သင်နှစ်က စတင်အကောင်အ ထည်ဖော်နေပြီး ပြီးခဲ့သည့် ပညာ သင်နှစ်အထိ သူငယ်တန်း၊ ပထမ တန်း၊ ဒုတိယတန်းကို သင်ရိုးသစ် များဖြင့် သင်ကြားနေသည်။ လာမည့် ပညာသင်နှစ်တွင် တတိယတန်း (Grade-3) နှင့် ဆဋ္ဌမတန်း (Grade-6)ကို သင်ရိုး သစ်ဖြင့် စတင်သင်ကြားမည်ဖြစ် သည်။

No comments:

Post a Comment