Wednesday, May 15, 2019

သင်္ဘောသိမ်းယူခြင်းက ထရန့်-ကင်ဂျုံအန် ထိပ်သီးတွေ့ဆုံပွဲ အနှစ်သာရကို ချိုးဖောက်ဟု မြောက်ကိုရီးယားပြော

 ၎င်းတို့၏ ကုန်တင် သင်္ဘောတစ်စီးကို အမေရိကန်က သိမ်းယူခြင်းသည် နှစ်နိုင်ငံခေါင်း ဆောင်များဖြစ်သော အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်တို့ကြား ထိပ်သီးတွေ့ဆုံပွဲ၏ အနှစ်သာရကို ချိုးဖောက်သည့် တရားမဝင်လုပ်ရပ်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက မေလ၁၄ ရက်တွင် ပြောကြားပြီး သင်္ဘောပြန်ပေးရန် တောင်းဆိုခဲ့ သည်။ ‘‘ဒီလုပ်ရပ်က အမြင့်ဆုံး ဖိအားပေးရေး ကြိုးပမ်းနေတဲ့ အ မေရိကန်ရဲ့ အစီအစဉ်ကို ချဲ့ထွင် တာဖြစ်ပြီး ဇွန်လ ၁၂ ရက်က ကျင်းပခဲ့တဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးတွေ့ဆုံပွဲရဲ့ အခြေခံအနှစ်သာရကို လုံးလုံး ငြင်းပယ်လိုက်တာပါ’’ဟု ထုတ် ပြန်ချက်တစ်စောင်တွင် မြောက် ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက ပြော သည်။



ထို့အပြင် ၎င်းတို့နိုင်ငံအပေါ် ချမှတ်ထားသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ် ချက်များကို လက်မခံဟု ပြော သည်။

တရားမဝင် ကျောက်မီးသွေး သယ်ဆောင်သည်ဆိုကာ အမေရိ ကန်သည် မြောက်ကိုရီးယား ကုန် တင်သင်္ဘောတစ်စီးကို သိမ်းယူ ကြောင်း ပြီးခဲ့သည့် သီတင်းပတ် က ကြေညာခဲ့သည်။

ယင်းမှာ မြောက်ကိုရီးယား က တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ် စင်း စမ်းသပ်ပစ်လွှတ်ပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန် က အဆိုပါ သင်္ဘောကို သိမ်းယူ ကြောင်း ကြေညာခဲ့ခြင်းဖြစ် သည်။

No comments:

Post a Comment