Thursday, May 23, 2019

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒူတာတေး၏ မဟာမိတ်များ အထက်လွှတ်တော်နေရာအများစု၌ အနိုင်ရ

ဖိလစ်ပိုင်နိုင်ငံတွင် မေ ၁၃ ရက်ကကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ သမ္မတ ရိုဒရီဂိုဒူတာတေး၏ မဟာမိတ်များသည် လစ်လပ်သည့် အထက်လွှတ်တော် ၁၂ နေရာအနက် အများစုကိုအနိုင်ရရှိခဲ့ကြကြောင်းမေ ၂၂ တွင် တရားဝင်ထုတ်ပြန်သည့် ရလဒ်များအရ သိရသည်။ေ မ ၁၃ ရက်ရွေးကောက်ပွဲပြီးနောက် မဲများကိုစတင်ရေတွက်ခဲ့သော်လည်းအလိုအလျောက်မဲရေတွက်စနစ် ချို့ယွင်းချက်များရှိခဲ့သဖြင့် ရလဒ်ထုတ်ပြန်ရန် ကြန့်ကြာခဲ့ခြင်းဖြစ်သည်။



သမ္မတဒူတာတေး၏ မဟာမိတ်များကအထက်လွှတ်တော် ၉နေရာထိအနိုင်ရရှိခဲ့ကြသည်။ ထိုအထဲတွင် သမ္မတဒူတာတေး၏ မူးယစ်စစ်ဆင်ရေးကိုဦးဆောင်ပုံဖော်ခဲ့သည့် ရဲချုပ်ဟောင်းရော်နယ် ဒါလာ ရိုဆာလည်းပါဝင်သည်။

ယခု ကြားဖြတ်ရွေးကောက်ပွဲသည် သမ္မတသက်တမ်းတစ်ဝက်ကိုရောက်နေပြီဖြစ်သောသမ္မတဒူတာတေးအဖို့ ပြည်သူ့ထောက်ခံမှုကိုစမ်းသပ်သည့်ပွဲလည်း ဖြစ်ခဲ့သည်။

မူးယစ်နှိမ်နင်းရေးစစ်ဆင်ရေးများတွင် ရဲတပ်ဖွဲ့ အင်အားသုံး ဖြိုခွဲမှုများကြောင့် သံသယရှိခံရသူအများအပြားသေဆုံးခဲ့ရမှုအတွက် နိုင်ငံတကာဝေဖန်မှုများ မြင့်တက်နေသလို၊ ကြမ်းတမ်းစွာမှတ်ချက်ပေးပြောဆိုမှု၊ တရုတ်နှင့် အလွမ်းသင့်မှုများကြောင့်လည်း ၎င်း၏ သမ္မတသက်တမ်းအတွင်းဝေဖန်မှုများ မြင့်တက်ခဲ့သည့်တိုင် ကြားဖြတ်ရွေးကောက်ပွဲရလဒ်များကသမ္မတဒူတာတေးကို ပြည်တွင်းထောက်ခံမှု အားကောင်းဆဲဖြစ်ကြောင်း ပြသလျက်ရှိသည်။

ဒူတာတေး၏ သားသမီးသုံးဦးသည်လည်း ၎င်းတို့ဇာတိဖြစ်သော နိုင်ငံတောင်ပိုင်းဒါဗိုမြို့တွင် မြို့ဝန်၊ ဒုတိယမြို့ဝန်နှင့် လွှတ်တော်ကိုယ်စားလှယ်နေရာများအနိုင်ရရှိခဲ့ကြသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ မြို့တော်ဝန်၊ မြို့ဝန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး စသည့် ရာထူးနေရာများအတွက်ပါ မဲပေးခဲ့ကြခြင်း ဖြစ်သည်။

မဲပေးခွင့်ရှိသူ ၆၃ သန်းအနက် ၇၅ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြသည်။

No comments:

Post a Comment