Thursday, May 23, 2019

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၈၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်(မိုးကုတ်လှုပ်ရှား)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၈၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေလ ၂၁ ရက်နေ့ ၁၈၁၅ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၆)ပြင်ဦးလွင် (မိုးကုတ်လှုပ်ရှား)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုးကုတ်မြို့နယ်၊ လယ်ကြီး ရဲကင်းရှေ့တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ်
မိုင်းလုံဘက်မှ မိုးကုတ်ဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရှာဖွေရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံရှာဖွေရာ ၁၈၃၅ အချိန်တွင် မိုးကုတ်မြို့နယ်၊ ကျောက်တလုံးကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြားရှိ တောလမ်းတွင် မော်တော်ဆိုင်ကယ် ၂ စီးအားတွေ့ရှိပြီး ဆိုင်ကယ်တစ်စီး၏ခွကြားတွင်ညှပ်ထားသော လက်ဆွဲအိတ်အတွင်းနှင့် ဆိုင်ကယ်နောက်တွင်တင်ဆောင်ထားသော လက်ဆွဲအိတ်အတွင်းတို့မှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထား သည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၀၀၀ သိန်း)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မိုးကုတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment