Thursday, May 23, 2019

Huawei ၏ Android လည်ပတ်မောင်းနှ dင်မှုစနစ်အဆင့်မြှင့်တင်မှုအချို့ကို Google ကန့်သတ်

Google ကုမ္ပဏီသည် Android လည်ပတ်မောင်းနှင်စနစ် အဆင့်မြှင့်တင်မှုအချို့ကို စမတ်ဖုန်းထုတ်လုပ်သူ Huawei မပေးတော့ဘဲ ကန့်သတ်လိုက်ကြောင်း သိရသည်။ ထို့ကြောင့် Huawei စမတ်ဖုန်းဒီဇိုင်းအသစ်များ သည် နာမည်ကျော် Google အက်ပလီကေးရှင်းများ အသုံးပြုနိုင်မှုကို ဆုံးရှုံးရတော့မည်ဖြစ်သည်။ အမေရိကန် သမ္မတထရန့်အစိုးရက လိုင်စင်မရှိပါက အမေရိကန်ကုန်မ္ပဏီများနှင့် ကုန်သွယ်မှုမလုပ်နိုင်သည့် ကုမ္ပဏီများ စာရင်းတွင် Huawei ကိုထည့်သွင်းခဲ့ပြီးနောက် ယင်းလုပ်ဆောင်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။



ကြေညာချက်တစ်ခုထဲတွင် Google က အမိန့်ကိုလေးစားလိုက်ခြင်းနှင့် အကျိုးသက်ရောက်မှုများကို သုံးသပ် နေခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် Huawei ကုမ္ပဏီက မှတ်ချက်ပေးပြောဆိုခြင်းမရှိသေးပေ။ လက်ရှိ Huawei စမတ်ဖုန်းအသုံးပြုသူများသည် လုံခြုံရေးဆိုင်ရာစစ်ဆေးချက်များမှတဆင့် အက်ပလီကေးရှင်းများနှင့် Google Play ဝန်ဆောင်မှုများကိုအဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။ သို့သော် Google က ယခုနှစ်နှောင်းပိုင်းတွင် Android ဗားရှင်းအသစ်ကို မိတ်ဆက်ရန်ရှိနေသော်လည်း ၄င်းကို Huawei ပစ္စည်းများတွင် အသုံးပြုနိုင်ခြင်း ရှိ၊ မရှိမသိရသေးပေ။

အနာဂတ်တွင် ထွက်ရှိလာမည့် Huawei ပစ္စည်းများတွင် YouTube နှင့် Maps ကဲ့သို့သော အက်ပလီကေးရှင်း များကို အသုံးပြုနိုင်တော့မည်မဟုတ်ဟုလည်းဆိုသည်။ Huawei သည် လိုင်စင်မှတ်ပုံတင်မှုမှတဆင့် Android လည်ပတ်မောင်းနှင်မှုစနစ်ကို ဆက်လက်အသုံးပြုနိုင်သေးသည်။ Google ၏ ယခုကဲ့သို့ လုပ်ဆောင်ချက်သည် Huawei ၏ အသုံးပြုသူစီးပွားရေးလုပ်ငန်းအတွက် ကြီးမားသော အကျိုးသက်ရောက်မှု ရှိလာနိုင်သည်ဟု သုံးသပ်ကြသည်။ ပြီးခဲ့သည့် မေ ၁၅ ရက်တွင် သမ္မတထရန့်အစိုးရက အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ အမေရိကန် ကုမ္ပဏီများထံမှ နည်းပညာရယူခွင့်ရှိသော ကုမ္ပဏီများကို တားဆီးပိတ်ပင်သည့် စာရင်းတွင် Huawei ကိုထည့်သွင်းခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment