Thursday, May 23, 2019

PPST တွင် ဆက်လက်ပါဝင်ပြီး NCA အကောင်အထည်ဖော်ရာတွင် အပြည့်အဝပူးပေါင်းမည်ဟု PNLO ထုတ်ပြန်

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) စုဖွဲ့မှုတွင် ဆက်လက်ပါဝင်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အ ကောင်အထည်ဖော်ရာ၌ စာချုပ် ပါ လမ်းပြမြေပုံအတိုင်း အဆင့် လိုက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)က သတင်းထုတ်ပြန်သည်။ မေလလယ်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသော NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ထိပ်သီးအစည်းအဝေးအပြီး PNLO က ထိပ်သီးဆွေးနွေးပွဲသို့ တင်ပြသည့် ၎င်းတို့အဖွဲ့ သဘောထားနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို မေလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။


NCA လက်မှတ်ထိုး တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ် သီးခေါင်းဆောင်များဖြင့် ဖွဲ့စည်း ထားသော PPST စုဖွဲ့မှုကို ဆက် လက်ထားရှိရန် အစည်းအဝေးသို့ တင်ပြခဲ့ကြောင်း PNLO က ဆို သည်။

PPST သည် အစိုးရ၊ လွှတ် တော်၊ တပ်မတော်နှင့် နိုင်ငံရေး ပါတီများက ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုပြီးဖြစ်ခြင်း၊ အရပ် ဘက်အဖွဲ့အစည်းများ၊ ပြည်တွင်းအင်အားစုများနှင့် ပြည်သူလူထု ထောက်ခံအားပေးဝန်းရံမှု ရရှိ ခြင်းနှင့် ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ အပါအဝင် နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်း၏ ထောက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိ ခြင်းတို့ကြောင့် စုပေါင်းတာဝန်ယူမှု၊ စုပေါင်းတာဝန်ခံမှု အပြည့် အဝရှိသော အဖွဲ့အဖြစ် ထားရှိ ရန် PNLO ၏ သဘောထားကို ချင်းမိုင်ထိပ်သီးအစည်းအဝေးသို့ တင်ပြကြောင်း ဖော်ပြထားသည်။

PNLO အနေဖြင့် ထိပ်သီး အစည်းအဝေးက ဖွဲ့စည်းပေး သည့် အလုပ်အဖွဲ့နှစ်ဖွဲ့တွင် ပါဝင်မည်ဖြစ်ကြောင်း၊ PPST လည်း NCA စာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ယန္တရားများ၌ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း PNLO က ထုတ်ပြန်သည်။

ချင်းမိုင် ထိပ်သီးအစည်းအ ဝေးက ဖွဲ့စည်းပေးသည့် အလုပ် အဖွဲ့နှစ်ခုသည် နိုင်ငံရေးဆွေးနွေးပွဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့ နေမှုများကို ကျော်လွှားနိုင်ရေး ညှိနှိုင်းအဖြေရှာမည့် အလုပ်အဖွဲ့ နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)က ထိပ်သီးအစည်းအဝေး သို့ အဆိုပြုထားသည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအ စည်းအဝေး (PPCM)အပေါ် လေ့ လာသုံးသပ်မည့် အလုပ်အဖွဲ့တို့ ဖြစ်သည်။

 PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက KNU အဆိုပြုသည့် PPCM သည် လက် ရှိ ဖြစ်ပေါ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့မှုကို ကျော် လွှားနိုင်ရေး အာမခံချက်မရှိသည့် အပြင် ပိုမိုကြီးမားသည့် တစ်ဆို့မှု ကိုပင် ရင်ဆိုင်ရနိုင်ကြောင်း ပြော ကြားသည်။

‘‘ရိုးရိုးလေးဖွဲ့ထားတဲ့ PPST တောင်မှ အပြစ်တင်စရာတွေ အ များကြီးဖြစ်တဲ့ဟာကို အင်မတန် မှ ရှုပ်ထွေးပွေလီတဲ့ ဖြစ်စဉ်နဲ့လုပ် မယ်၊ ပြုမယ် စိတ်ကူးယဉ်ထားတဲ့ ပရိုပိုဇယ်တစ်ခုကတော့ ကျွန် တော်ထင်တယ် အချိန်အများကြီး ယူရမယ်။ အခက်အခဲလည်း အ များကြီးဖြစ်နိုင်တယ်’’ဟု ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ပြောသည်။ KNU ကမူ PPCM စုဖွဲ့မှု အသစ်ဖွဲ့စည်းရန် အဆိုပြုရခြင်း သည် ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်ကာလများတွင် နိုင်ငံရေး ဆွေးနွေးပွဲများ တစ်ဆင့်ပြီးတစ် ဆင့် ဆက်လက်ပြုလုပ်နိုင်ရန်နှင့် NCA အကောင်အထည်ဖော်မှုကို ပိုမိုအားကောင်းစေခြင်းနှင့်အတူ ယုံကြည်မှု တည်ဆောက်ခြင်းမှ တစ်ဆင့် ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက် အကောင်အထည် ဖော်နိုင်ရန် ဖြစ်သည်ဟုဆိုသည်။ PPCM ကို NCA လက်မှတ်ထိုး အဖွဲ့များ၊ NCA မထိုးရသေးသည့် အဖွဲ့များဖြင့် ဖွဲ့စည်းနိုင်ရေး ရည် ရွယ်ထားသည်။

No comments:

Post a Comment