Thursday, May 23, 2019

အမှိုက်ကောက်လှုပ်ရှားမှုထက် စည်းကမ်းမဲ့အမှိုက်ပစ်သူကို အရေးယူသည့်နည်းက အကောင်းဆုံးဟု တပ်ကိုယ်စားလှယ်အကြံပြု

အမှိုက်ကောက်လှုပ်ရှားမှုတွေအစား စည်းကမ်းမဲ့အမှိုက်ပစ်သူကို အရေးယူတဲ့ နည်းလမ်းကသာ အကောင်းဆုံးပဲလို့ တပ်ကိုယ်စားလှယ်တစ်ဦးက ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အကြံပြုလိုက်ပါတယ်။ အမှိုက်ကနေ လျှပ်စစ်တွေထုတ်ဖို့၊ အမှိုက်မီးရှို့စက်တွေ တည်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆို ဆွေးနွေးစဉ် တပ်မတော်သားကိုယ်စားလှယ်ဗိုလ်မှူးအောင်ကျော်နှင်းက ထည့်သွင်းဆွေးနွေးခဲ့တာပါ။

သူက ရန်ကုန်စည်ပင်ကို ကိုးကားပြီး အဲ့ဒီဥပဒေအတိုင်းအရေးယူဖို့ နဲ့ လိုအပ်ရင် လူမှုရေးပြစ်ဒဏ်တွေကိုပါ ချသင့်တဲ့ အထိ ဆောင်ရွက်ဖို့ ပါ ပြောခဲ့ပါတယ်။
နောက်ပြီး အမှိုက်ခွန်တွေ တိုးဖို့ လိုအပ်ရင်လည်း ရဲရဲဝံ့ဝံ တိုးဖို့ကိုပါ သူက တိုက်တွန်းသွားခဲ့ပါတယ်။

အမှိုက် နဲ့ ပါတ်သတ်တဲ့ အဆိုကို ဆွေးနွေးတဲ့ သူ ၄ယောက် ရှိတဲ့ အထဲ မော်လိုက်မဲဆန္ဒနယ်မှဒေါ်ချိုချိုဝင်းကတော့ အမှိုက် ပြဿနာ ဖြေရှင်းတဲ့ အခါ ဘယ်သူ့ဘယ်သူ့ကိုမှ လက်ညှိးထိုးနေရမယ့် အချိန်မဟုတ်တော့ဘဲ အားလုံးပူးပေါင်းရမယ်လို့ ပြောပါတယ်။
သူတစ်ပါးနိုင်ငံတွေမှာ အမှိုက်ကနေ ရွှေဖြစ်နေချိန် ဒီမှာက ပြဿနာတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။
နိုင်ငံဟာ အမှိုက် နဲ့ ပတ်သတ်လို့ ဆိုးကျိုးတွေ တော်တော် ခံနေကြရတယ်လို့ ဒေါ်ချိုချိုဝင်းက ဆက်ပြောပါတယ်။

အဆိုဆွေးနွေးတဲ့ နောက်ထပ် လွှတ်တော်ကိုယ်စားလှယ်တွေက အမှိုက်ရဲ့ ဆိုးကျိုးတွေ၊ အမိုက်ကနေ လျှပ်စစ်ထုတ်ဖို့တွေကို တွန်းအားပေးခဲ့ပြီး အဆိုကို ထောက်ခံခဲ့ကြပါတယ်။

အဆို နဲ့ ပါတ်သတ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်က အမှိုက် နဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ အဖွဲ့များက စနစ်တကျဆောင်ရွက်နေတဲ့ အကြောင်း၊ တိုင်း နဲ့ ပြည်နယ် အချို့မှာ အမှိုက်ကနေ စွမ်းအင်ထုတ်ဖို့ လုပ်နေတာ ဖြစ်လို့ အဆိုကို မှတ်တမ်းတင်ပြီး စောင့်ကြည့်ပေးဖို့ ပြောဆိုခဲ့ပါတယ်။
အဆိုရှင်ကပါ သဘောတူတဲ့ အတွက် ပြည်သူ့လွှတ်တော်က အဆိုကို မှတ်တမ်းတင်ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment