Thursday, May 23, 2019

ထိုင်းဘုရင်နန်းတက်ပွဲ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပထမအသုတ်တွင် မြန်မာအကျဉ်းသား ၅၉ ဦး ပါဝင်

ထိုင်းဘုရင်မဟာဗာဂျီရာ လောင်ကွန် နန်းတက်ပွဲအဖြစ် အကျဉ်းသားများ ပြစ်ဒဏ်ကင်း လွတ်ခွင့်ပေးရာ ရနောင်းမြို့ အ ကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံ နေရသော မြန်မာအကျဉ်းသား ၅၉ ဦးကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေး၍ မေလ ၂၁ ရက်တွင် ကော့သောင်းမြို့သို့ ပို့ဆောင်ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးဇော် မင်းအောင်ကပြောသည်။ မြန်မာအမျိုးသမီး သုံးဦးနှင့် အမျိုးသား ၅၆ ဦးကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးပြီး အများစုက မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများဖြစ်ကြောင်း ဦးဇော်မင်းအောင်က ပြောသည်။
‘‘ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဆို ရနောင်းအကျဉ်းထောင် ရှိတယ်။ ဆူရတ်ဌာနီ အကျဉ်းထောင် ရှိတယ်။ တခြားအကျဉ်းထောင်တွေလည်း ရှိသေးတာပေါ့။ အခု လွှတ်ပေးလိုက်တဲ့သူတွေက ရနောင်းအကျဉ်းထောင်ကသူတွေပဲ။ ဆူရတ်ဌာနီအကျဉ်း ထောင်ကသူတွေလည်း လွှတ်ပေးဖို့ ရှိသေးတယ်လို့ပြောတယ်’’ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ထိုင်းဘုရင်သစ်နန်းတက်ပွဲ အဖြစ် ထိုင်းနိုင်ငံအကျဉ်းထောင် အသီးသီးရှိ အကျဉ်းသားများကိုမေလ ၁၀ ရက်ကစ၍ ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးခဲ့သည်။

ထိုင်းဘုရင် မဟာဗာဂျီရာ လောင်ကွန် နန်းတက်ပွဲအဖြစ် အကျဉ်းသားများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရာ လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရ သော မြန်မာလုပ်သားနှစ်ဦးနှင့် ရနောင်းလူသတ်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦး မပါဝင်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့ကပြောသည်။

 လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦးနှင့် ရနောင်းလူသတ်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော  မြန်မာလုပ်သားနှစ်ဦး သည် အယူခံတင်ထားဆဲဖြစ်၍ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွင် မပါဝင်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့ကပြောသည်။
 ထိုင်းဘုရင်သစ်၏ လွတ် ငြိမ်းချမ်းသာခွင့်တွင် ထိုင်းနိုင်ငံ၌ သေဒဏ်ကျခံနေရသော အကျဉ်း သားများကို ထောင်ဒဏ်တစ် သက်တစ်ကျွန်းအဖြစ် ပြောင်းလဲ လျှော့ပေါ့ပေးခဲ့သည်။ သို့သော် ဘန်ခွမ်အကျဉ်းထောင်၌ သေ ဒဏ်ကျခံနေရသော မြန်မာလုပ် သား ဝင်းဇော်ထွန်းနှင့် ဇော်လင်း သည် နောက်ဆုံးအယူခံတင်ထား ဆဲဖြစ်၍ ပြစ်ဒဏ်လျှော့ပေါ့ခွင့် တွင် မပါဝင်ပေ။

No comments:

Post a Comment