Thursday, May 23, 2019

လမိုင်းမြို့တွင် စုကြေးငွေ ပြဿနာတက်၍ ရုန်းရင်းဆန်ခတ်ဖြစ်

ငွေစုမဲဒိုင်တစ်ဦး က ကျပ်သိန်းပေါင်းများစွာ  လိမ်သည်ဆိုကာ ၎င်းနေထိုင်သည့် မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် မေလ ၂၂ ရက်က လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေ၍ ရဲတပ်ဖွဲ့ လုံခြုံရေးယူထားရကြောင်း  ဒေသခံများက ပြောသည်။ လမိုင်းမြို့အပါအ၀င် မွန် ပြည်နယ် မြို့နယ်အချို့နှင့် ထိုင်း နိုင်ငံ၌ နေထိုင်သူ အချို့က မဲ ဒိုင်တွင် ငွေကြေးများ ပါဝင်ထည့် ဝင်ကြောင်း၊  လာမည့် ဇွန်လ ၃ ရက်တွင် ၎င်းတို့ ထည့်ဝင်ငွေ များကို အရင်းပေးပြီး အမြတ်မ ပေးနိုင်သည့် ကိစ္စညှိနှိုင်းချက်မရသဖြင့် ယခုလို ပြဿနာဖြစ်ခဲ့ခြင်းဖြစ်ကြောင်း စုမဲရှင်တစ်ဦးဖြစ်သည့် မရွှေခိုင်က ဆိုသည်။


စုကြေးငွေ ထည့်ထားပြီး မကျေနပ်သူများက အွန်လိုင်းမှ တစ်ဆင့် ငွေစုငွေချေး လေလံမဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်ကို ဖျက် ဆီးသည်အထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

‘‘သူက အမြတ်မပေးဘူး၊ အရင်းကိုပေးမယ်။ သူကကိုယ် တိုင်ကိုင်တာမဟုတ်ဘူး။ တစ် ဆင့်ခံ။ ရန်ကုန်မှာ ဒိုင်ချုပ်တစ် ယောက်ရှိတယ်။ သူကဒီမဲလုပ် ငန်း လုပ်တာ တစ်နှစ်လောက်ရှိ ပြီး အခုမှ ပြဿနာဖြစ်တယ်။ သူ့မိသားစုလေးယောက်ရှိတယ်။  တစ်ဦးတစ်ယောက်မှ မထွက်ပြေး ဘူး။ အခုရဲတပ်ဖွဲ့ဝင်တွေ လုံခြုံ ရေးယူထားတယ်’’ ဟု စုမဲရှင်တစ် ဦး၏ မိသားစုဝင် ကိုချချေးက ပြောသည်။

‘‘ကျွန်မပိုက်ဆံသိန်း ၅၀ လောက်ပါတယ်။ ကျွန်မတို့က ဆင်းရဲတယ်။ မေလ ၂၀ ရက်နေ့ က မဲကိစ္စသတင်းကြားလို့ သွား တောင်းတာ သူ့မပေးဘူးပြော တယ်။ သူ့မှာ ဘာမှမရှိဘူး။ အ ချုပ်ပဲထည့်ထည့်ဆိုပြီး ပြော တယ်’’ ဟု စုမဲငွေထည့်ထားသောလမိုင်းဒေသခံမရွှေခိုင်က ပြောကြားသည်။

  ထိုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရဲစခန်းတွင်  အမှုမဖွင့်ရသေးကြောင်း ရေးမြို့နယ်မှူး ရဲမှူးခင်ညိုက ယမန်နေ့ညနေက ပြောသည်။

‘‘အခု ပြဿနာ မပြီးသေးလို့ ဖြေလို့မရသေးဘူး။ မအားသေး ဘူး’’ ဟု ရဲမှူးခင်ညိုက ဆိုသည်။ ထို့အတူ အငြင်းပွားငွေပမာဏ စုစုပေါင်းကိုလည်း အတည်ပြုနိုင် ခြင်းမရှိသေးပေ။  လူမှုကွန်ရက်၌ ပျံ့နှံ့နေ သော ဗီဒီယိုဖိုင်များတွင် လိမ် လည်သည်ဆိုသော အမျိုးသား နှင့် အမျိုးသမီးကို မကျေနပ်သူ များက ထိန်းသိမ်းထားပြီး အခြေ အနေကို ထိန်းသိမ်းနိုင်ရန် ရဲတပ် ဖွဲ့က လုံခြုံရေးယူထားသည်ကို တွေ့ရသည်။

No comments:

Post a Comment