Thursday, May 23, 2019

ရေဦးရဲစခန်းဝင်းအတွင်း လက်ပစ်ဗုံးဟောင်းများနှင့်အမြောက်ကျည် တွေ့ရှိ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ်မှာ လက်ပစ်ဗုံးဟောင်း ၆ လုံး၊ အမြောက်ကျည်ခွံ ၁ ခုနဲ့ အမြောက်ကျည်ဟောင်း ၁ လုံး တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မေလ ၂၂ ရက်နေ့မနက်ပိုင်းက ရေဦးမြို့နယ်၊ ရေဦးမြို့မရဲစခန်း ဝင်းအတွင်း ရေနုတ်မြောင်းတူးဖော်စဉ် လက်ပစ်ဗုံးဟောင်း ၆ လုံး (စနက်တံပါ ၃ လုံး၊ စနက်တံမပါ ၃ လုံး)၊ အရှည် ၁ ပေလောက်ရှိ အမြောက် ကျည်ခွံ ၁ ခုနဲ့ အရှည် ၁ ပေခွဲလောက်ရှိ အမြောက်ကျည်ဟောင်း ၁ လုံးတို့အား တွေ့ရှိခဲ့တာပါ။ ရေဦးမြို့မရဲစခန်း၊ ရဲတပ်ဖွဲ့ဝင်တွေက နယ်မြေခံတပ်မတော်ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး နယ်မြေခံတပ်မတော်က အဆိုပါလက်ပစ်ဗုံးဟောင်းနဲ့ အမြောက်ကျည်တွေကို ရွာသစ်ကျေးရွာ အရှေ့မြောက် ၁ မိုင်လောက်အကွာ မြေကွက်အတွင်းမှာ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment