Thursday, May 23, 2019

ဒေသခြောက်ခု ပုံမှန်ထက် အပူချိန်မြင့်နေ၍ သတိပြုရန် မိုးဇလထုတ်ပြန် မြို့နှစ်မြို့ အပူချိန်စံချိန်သစ်ထပ်တင်

တိုင်းဒေသကြီးနှင့် ပြည် နယ်ခြောက်ခုတွင် ပုံမှန်ထက် အပူချိန်မြင့်တက်နေ၍ ဒေသခံ များ သတိပြုနေထိုင်ရန် မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက မေလ ၂၁ ရက်၌ သတိ ပေးပြီး ယင်းနေ့တွင်ပင် ရှမ်းပြည် နယ် မြို့နှစ်မြို့၌ အပူချိန်စံချိန် သစ်တင်ခဲ့သည်။ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် မေလ၏ ပုံမှန် အပူချိန်ထက် ၅ ဒီဂရီစင်တီ ဂရိတ်မှ ၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေပြီး မေလ ၂၄ ရက်အထိ အပူချိန် ဆက်လက်မြင့် တက်နိုင်ကြောင်း သတိပေးထား သည်။
‘‘မုတ်သုံအားနည်းနေတော့ အပူချိန်က ဆက်မြင့်နေတယ်။ အလယ်ပိုင်းမှာ မိုးကရွာပေမယ့် အပူချိန်မလျော့ဘူး ဖြစ်နေတယ်’’ ဟု မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာကျော်မိုးဦးက ပြောသည်။

အပူချိန် သတိပေးချက် ထုတ်ပြန်ထားသည့် ဒေသများတွင် မြစ်ဝကျွန်းပေါ်ဒေသမှ ပဲခူးတိုင်း ဒေသကြီးနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း၊ အထက်ပိုင်း ဒေသများ ပါဝင်သည်။ မေလ ၂၁ ရက်က ဒေသ ချင်း ထိစပ်နေသော ရှမ်းပြည် နယ် ကျိုင်းတုံနှင့် မိုင်းဆတ်မြို့ တွင် အပူချိန် ၄၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်နှင့် ၄၀ ဒသမ ၄ ဒီဂရီ စင်တီဂရိတ်ရှိပြီး အပူချိန် စံချိန် သစ်တင်ခဲ့သည်။ လတ်တလော အပူဆုံး ဒေသသည် မကွေးတိုင်းဒေသကြီး ဖြစ်ပြီး မေလ ၂၂ ရက် တိုင်းတာ ချက်အရ ချောက်မြို့တွင် ၄၇ ဒီဂရီစင်တီဂရိတ်၊ ဂန့်ဂေါမြို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်နှင့် မုံရွာ၊ မြင်းမူ၊ မင်းဘူးနှင့် ပေါက်မြို့တို့ တွင် ၄၄ ဒီဂရီစင်တီဂရိတ်စီ ရှိသည်။

No comments:

Post a Comment