Thursday, May 23, 2019

ပြည်မြို့တွင် လေပြင်းကြောင့် အိမ်ခြေ ၇၀ ကျော်ပျက်စီး

 ပြည်မြို့တွင် မေလ ၂၁ ရက်ညနေက တိုက်ခတ်သည့် လေပြင်း ကြောင့် ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းနှင့် အိမ်ခြေ ၇၀ ကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ပြည်မြို့နယ် ဝက်ထီးကန် အုပ်စု၊ ကံကြီးကုန်းကျေးရွာအုပ် စု၊ ကွင်းကြီးအုပ်စု၊ တွင်းဗျည်း အုပ်စု၊ နှောကန်အုပ်စု၊ အလို တော်ရအုပ်စု၊ မြောက်နဝင်းအုပ် စု၊ ကံကျိုးအုပ်စု၊ ကျောသာအုပ်စု နှင့် တဲကုန်းအုပ်စုတို့တွင် လေပြင်း တိုက်ခတ်ပြီး ဝက်ထီးကန်ကျေး ရွာအုပ်စု၌ စေတီတစ်ဆူထီးတော် မြေခခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။



ဝက်ထီးကန်ကျေးရွာအုပ်စု ဒေသခံတစ်ဦးက ‘‘ကျွန်တော်တို့ ဘက်မှာတော့ စေတီတစ်ဆူရဲ့ ထီးတော်မြေခတယ်။ စာသင် ကျောင်းတစ်ကျောင်း၊ ဘုန်းကြီး ကျောင်းနှစ်ကျောင်းနဲ့ ဓမ္မာရုံတစ် ခုပါ အမိုးလန်ပျက်စီးတာရှိတယ်။ လူနေအိမ်ပျက်စီးတာကတော့ ၃၀ လောက်ရှိမယ်။ တခြားအုပ်စုထဲ က လွှစင်ကျေးရွာမှာလည်း အိမ်ခြေ ၃၀ ကျော်လောက် ပျက်စီး တယ်လို့ ကြားတယ်။ ပျက်စီးသွားတဲ့အိမ်တွေကို လက်ရှိတော့ ကိုယ်ထူကိုယ်ထ ရှင်းကြတယ်။ နေလို့မရတဲ့ အိမ်တွေကတော့ နီးစပ်ရာ ဆွေမျိုးနီးချင်းတွေဆီမှာ ခိုလှုံနေကြတယ်’’ ဟု ဆိုသည်။ အဆိုပါလေပြင်းကြောင့် လူ နှင့်တိရစ္ဆာန်သေဆုံးမှုမရှိကြောင်း၊ ပျက်စီးမှုများသည့် ဝက်ထီးကန် ဘက်မှ စာရင်းများကို ဦးစွာသိရ ပြီဖြစ်၍ မေလ ၂၂ ရက်နေ့လယ် က စကာ ကူညီထောက်ပံ့မှုများ ပြုလုပ်နေကြောင်း၊ အခြားကျေး ရွာများသို့ ကူညီထောက်ပံ့နိုင် ရန် စာရင်းကောက်ယူနေကြောင်း ပြည်မြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူး ဦးမြတ်ကျော်က ပြော သည်။

No comments:

Post a Comment