Thursday, May 23, 2019

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေအတွက် နည်းပညာစိန်ခေါ်မှု

ငွေကြေးအဖွဲ့အစည်းတွေလက်လှမ်းမမီတဲ့နေရာမှာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဖို့အတွကိ နည်းပညာပိုင်း စိန်ခေါ်မှုအစီအစဉ်ကို Dana Facility က မိတ်ဆက်လိုက်ပါတယ်။ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေအတွက် တီထွင်ဆန်းသစ်မှုတွေ အားကောင်းလာဖို့ ရေးဆွဲထားတဲ့ အစီအစဉ်လို့လည်း သိရပါတယ်။ ဒီအစီအစဉ်ထဲမှာ အသေးစား အာမခံလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာငွေကြေးပံ့ပိုးမှု၊့  ဒီဂျစ်တယ် နည်းလမ်းနဲ့ အထောက်အထား စီစစ်အတည်ပြုတဲ့ စနစ် (eKYC) အစရှိတဲ့ လုပ်ငန်းတွေပါဝင်တယ်လို့ လည်း ထုတ်ပြန်ထားတာပါ။



ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်လာစေဖို့ စိတ်ဝင်စားတဲ့ ပြည်တွင်းနဲ့ ပြည်ပရှိ ငွေရေးကြေးရေးနည်းပညာ Fintech ကုမ္ပဏီတွေကိုလည်း ဒီအစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်တယ်လို့ Dana Facility ကဆိုပါတယ်။

ဒီဖိတ်ခေါ်မှုကို ဇွန်လမှာ စတင်လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရရင် ၂လတာ ကြာမြင့်မယ့် ကော်ပိုရိတ်မိတ်ဖက်အစီအစဉ်မှာ ပါဝင်ပြီး စီးပွားရေးလုပ်ငန်း မော်ဒယ်တွေကို အကောင်းဆုံး ရေးဆွဲနိုင်ဖို့ အတွက် ကူညီပံ့ပိုးသွားမယ်လို့ သိရပါတယ်. ။

ဒီအစီအစဉ်ကို ဗဟိုဘဏ်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့နဲ့
ပူးပေါင်းပြီး မြန်မာနိုင်ငံက အများနဲ့ အကျုံးဝင်တဲ့ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို မြှင့်တင်ဖို့နဲ့ တီထွင်ဆန်းသစ်မှုတွေ အားကောင်းလာစေဖို့ အစီအစဉ်ရေးဆွဲထားတာပါ ။

No comments:

Post a Comment