Thursday, May 23, 2019

၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ် ရာနှုန်းပြည့်ရရှိရေး ပြည်သူ့လွှတ်တော်၌ဆွေးနွေးမည်

၂၀၃၀ တွင်  မြန်မာနိုင်ငံ၌ လျှပ်စစ်စွမ်းအား ၁၀၀ ရာခိုင်နှုန်း ပြည့်ဝစွာရရှိရေး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က တိကျခိုင်မာသောမူဝါဒ လမ်း ညွှန်မှုများဖြင့် ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကို  ပြည် သူ့လွှတ်တော်က လက်ခံဆွေးနွေး ရန် ယမန်နေ့တွင် ဆုံးဖြတ်သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနသည် ၂၀၃၀ တွင် လျှပ်စစ် စွမ်းအား ၁၀၀ ရာခိုင်နှုန်းပြည့်ဝ စွာရရှိရေး ဆောင်ရွက်နေရာ ယင်းကိစ္စအပေါ် ၀န်ကြီးဌာနက ဆောင်ရွက်ထားရှိမှုကို တိကျခိုင် မာသော မူဝါဒလမ်းညွှန်မှုများ ဖြင့် ဆောင်ရွက်ရန် ဆိပ်ကမ်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတင်မောင်ဝင်းက အဆို တင်သွင်းတိုက်တွန်းခဲ့သည်။
‘‘ဒီနေ့တင်ပြတာဟာ လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အ တွက် အပြုသဘောဆောင်တင်ပြ ခြင်း ဖြစ်ပါတယ်။ တိကျခိုင်မာတဲ့ မူဝါဒတွေ ဘယ်လိုလုပ်မလဲ၊ ဘယ်သူတွေကလုပ်မလဲ’’ ဟု အထက်ပါအမတ်က လွှတ်တော် ၌ပြောသည်။

ဆက်လက်၍ ၎င်းက ‘‘ကျွန် တော်ပြောချင်တာက တိကျခိုင် မာတဲ့မူဝါဒတွေကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဆောင် ရွက်မှသာလျှင် ၂၀၂၀-၃၀ မှာ လျှပ်စစ် ရာနှုန်းပြည့်ရရှိမှာမလွဲ ပါဘူး’’ဟု ဆိုသည်။ အထက်ပါအဆိုကို ပန်းဘဲ တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေဖူးဗဆွေက ထောက်ခံဆွေးနွေးပြီး ထိပ်တန်း ရောက်ရန် အလားအလာရှိသည့် နိုင်ငံများသည် စွမ်းအင်နှင့် လျှပ် စစ်ကဏ္ဍကို စနစ်တကျစီမံခန့်ခွဲ သည်ကို တွေ့ရကြောင်း ထည့် သွင်းပြောကြားသည်။

‘‘စီးပွားရေး တိုးတက်မှုအ တွက် မောင်းနှင်အားက စွမ်းအင် ပဲဖြစ်ပါတယ်။ စွမ်းအင်ဟာနိုင်ငံ ကို ဆင်းရဲ၊ ချမ်းသာ ပြောင်းပြန် လှန်ပစ်နိုင်ပါတယ်။ စွမ်းအင်လုံ လောက်ရင် နိုင်ငံဖွံ့ဖြိုးဖို့ ရှိပေ မယ့် လုံလောက်အောင်ထုတ်တဲ့ စွမ်းအင်ရဲ့ ဈေးနှုန်းကိုလည်း ထည့်တွက်ဖို့လိုပါတယ်’’ ဟု ဦး နေဖူးဗဆွေက ပြောသည်။

ယင်းအဆိုကို ပြည်သူ့လွှတ် တော်၌ လက်ခံဆွေးနွေးရန် ကန့် ကွက်သူမရှိ၍ ဆက်လက်ဆွေး  နွေးမည်ဖြစ်ကြောင်းနှင့် ပါဝင် ဆွေးနွေးမည့် လွှတ်တော်ကိုယ် စားလှယ်များ အမည်စာရင်းကို မေလ ၂၃ ရက်နောက်ဆုံးထား တင်သွင်းရန် ဥက္ကဋ္ဌဦးတီခွန်မြတ် က ကြေညာသည်။ အဆိုဆွေးနွေးမည့်ရက်တွင်  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ပြန်လည်ဆွေးနွေးရန်ရှိနေပြီး အဆိုတင်သွင်းသည့် ယမန်နေ့ ၌လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာထွန်းနိုင် လာ ရောက်နားထောင်ခဲ့သည်။

No comments:

Post a Comment