Thursday, May 23, 2019

မိုချန်ဂလာဘတ်မှ သော်ဂန်ဟာဇက်ကို ပေါင်သန်း ၃၀ ဖြင့် ဒေါ့မွန်ခေါ်ယူ

မိုချန်ဂလာဘတ်မှ ဘယ်လ်ဂျီယံတိုက်စစ်မှူး သော် ဂန်ဟာဇက်ကို ဘွန်ဒက်စ်လီဂါ ဒုတိယနေရာရ ဒေါ့မွန်က ပေါင် သန်း ၃၀ ဖြင့် ငါးနှစ်စာချုပ်ချုပ်၍ ခေါ်ယူသည်။ ဂလာဘတ်တွင် ငါးနှစ်ကြာ ကစားခဲ့သည့် ဟာဇက် (၂၆) နှစ် ကို ဒေါ့မွန်က ခေါ်ယူပြီးနောက် ၎င်းသည်ဂျာမနီဘယ် နောက်ခံလူ နီကိုရှူးဇ်ပြီးနောက် နွေရာသီ၏ ဒုတိယမြောက် ကစားသမားသစ် ဖြစ်လာသည်။


ဒေါ့မွန်က ဟော်ဖန်ဟိုင်းမှ နီကိုရှူးဇ်ကို အင်္ဂါနေ့က ခေါ်ယူခဲ့ သည့် ချယ်လ်ဆီးတိုက်စစ်မှူး အီ ဒင်ဟာဇက်၏ညီ သော်ဂန်ဟာ ဖက်က ဒေါ့မွန်သို့ပြောင်းရန် ဆုံး ဖြတ်ခဲ့သဖြင့် မိမိတို့ဝမ်းမြောက်မိ ကြောင်း ဒေါ့မွန်အသင်း အားက စားညွှန်ကြားရေးမှူး မိုက်ကယ် ဇော့စ်က ကြေညာချက်တစ်ရပ်၌ ဖော်ပြသည်။

သော်ဂန်ဟာဇက်သည် ၎င်း ၏ အဆုံးသတ်မှုအပိုင်း ကောင်း မွန်သော စွမ်းဆောင်ရည်နှင့်အတူ လာမည့်ရာသီတွင် မိမိတို့ကို အ ကောင်းဆုံး ကူညီမည်ဖြစ် ကြောင်း  မိုက်ကယ်ဇော့စ်ကပြော ကြားသည်။

၎င်းသည် ဂလာဘတ်အ တွက် ၁၈၂ ပွဲကစားပြီး ၄၆ ဂိုး သွင်းကာ ၄၄ ဂိုးဖန်တီးခဲ့သည်။

ဒေါ့မွန်က ချယ်လ်ဆီးသို့ ဇန်နဝါရီက ပြောင်းရွှေ့သော အ မေရိကန်တိုက်စစ်မှူး ပူလစ်ဆစ် ၏ နေရာတွင် အစားထိုးရန် သော် ဂန်ဟာဇက်ကို ခေါ်ယူခြင်းဖြစ် သည်။ ဒေါ့မွန်က ၎င်းကိုဘယ် တောင်ပံတွင်သုံးပြီး ဂျာဒွန်ဆန်ချို ကို ညာတောင်ပံတွင်သုံးရန် ရည် ရွယ်ထားသည်။

သော်ဂန်ဟာဇက်၏ အစ်ကို အီဒင်ဟာဇက်လည်း ချယ်လ် ဆီးမှထွက်ကာ ရီးရဲလ်သို့ပြောင်း ရွှေ့ဖွယ်ရှိကြောင်း သတင်းထွက် ပေါ်နေသည်။

No comments:

Post a Comment