Thursday, May 23, 2019

ကချင်ပါတီသုံးခုပူးပေါင်းထားသည့် KSPP အလံနှင့် တံဆိပ်ကို အတည်ပြု

ကချင်နိုင်ငံရေးပါတီ သုံးခုပူးပေါင်းထားသည့် ကချင် ပြည်နယ်ပြည်သူ့ပါတီ(KSPP)၏ အလံ၊ တံဆိပ်တို့ကို ကန့်ကွက် သူမရှိ၍ အတည်ပြုကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ပြောရေးဆို ခွင့်ရှိသူဦးမြင့်နိုင် က မေလ ၂၂ ရက်တွင်ပြောသည်။ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ(KSDP)၊ ကချင်ဒီမိုကရက် တစ်ပါတီ(KDP)နှင့် စည်းလုံးညီ ညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ် (UDPKS)တို့က ၎င်းတို့ပါတီများကို လုံးဝဖျက် သိမ်း၍ ပါတီသစ်အနေဖြင့်သာ နိုင်ငံရေးဆောင်ရွက်ရန် ကချင် ပြည်နယ် ပြည်သူ့ပါတီ(KSPP)အမည်ဖြင့် ပါတီမှတ်ပုံတင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ၂၀၁၈ ဒီဇင်ဘာက လျှောက်ထားပြီး ဧပြီ ၂၅ ရက် တွင် ပါတီတည်ထောင်ခွင့်ရရှိခဲ့ သည်။
ကချင်နိုင်ငံရေးပါတီသုံးခု ပူးပေါင်းထားသည့် ကချင်ပြည် နယ်ပြည်သူ့ပါတီ(KSPP)၏ အ လံ၊တံဆိပ်တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေ လ ၃ ရက်တွင် ထုတ်ပြန်ကြေညာ သည်။ ပါတီအနေဖြင့် ပါတီအမှု ဆောင်နှင့် ပါတီဝင်အင်အားစာ ရင်းတင်သွင်း၍ လုပ်ငန်းစဉ်အ တိုင်း ဆက်လက်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ယမန်နေ့တွင် ပြောသည်။ KSPP ပါတီမှတ်ပုံတင်ခွင့်ရရှိပါက ပူး ပေါင်းထားသည့်သုံးပါတီသည် အလိုအလျောက်ပျက်ပြယ်မည် ဖြစ်သည်။

KSPP ပါတီတည်ထောင်သူ များက ကချင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် ယာယီကော်မ တီများ စတင်ဖွဲ့စည်းနေကာ  ၁၈ မြို့နယ်တွင် ဖွဲ့စည်းရန်ရည် ရွယ်ထားကြောင်း KDP ဥက္ကဋ္ဌ ဦးအောင်ခမ်းက ပြောသည်။ ‘‘မှတ်ပုံတင်ကတော့ သုံးလကနေ ခြောက်လအတွင်းမှာ ညီလာခံ ခေါ်ဖို့ စီစဉ်ထားပါတယ်။ လော လောဆယ်တော့ယာယီဦးဆောင် ကော်မတီအနေနဲ့ပဲ တာဝန်ယူ ထားပါတယ်။ ဒီမှာတော့ အဓိက ကတော့ နှစ်မျိုးတော့ရှိတာပေါ့။ ကျွန်တော်တို့ကတော့ ပါတီကိုယ် စားလှယ်အနေနဲ့ လုပ်ပြီးတော့ ပါတီခေါင်းဆောင်ပိုင်းတွေကို ရွေးချယ်မလား၊ နောက်တစ်ပိုင်း ကတော့ လူထုဘက်က တိုက်ရိုက် ရွေးတာ နှစ်ခုထဲကတစ်ခုဖြစ်နိုင် မယ်’’ ဟု ဦးအောင်ခမ်းက ပြော သည်။ ကချင်ပါတီများ ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် ဒေသနှင့် ဒေသခံများအတွက် ကောင်းမွန် သည့်အရွေ့များဖြစ်လာနိုင်သကဲ့ သို့ လာမည့်ရွေးကောက်ပွဲတွင် အခြေအနေကောင်းများရှိလာရန် မျှော်လင့်ကြောင်း ပါတီတည် ထောင်သူများက ပြောကြားထား သည်။

No comments:

Post a Comment