Thursday, May 23, 2019

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး၏သား ထူထောင်လိုသည့် အင်းလေးဟိုတယ်စီမံကိန်းနေရာကို သစ်တောကြိုးဝိုင်းအဖြစ်သတ်မှတ်ရန် စီစဉ်

ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေ၏သား ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်သော ကုမ္ပဏီက ကမ္ဘာကျော် အင်းလေးကန်ရှိ မြေဧက ၉၀ ပေါ်တွင် ဟိုတယ် ဆောက်လုပ်ရန် ကြိုးပမ်းနေသည့် စီမံကိန်းနေရာကို သစ်တောကြိုး ဝိုင်းအဖြစ် ပြန်လည်သတ်မှတ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင် ပြထားကြောင်း သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာညီညီကျော်က ပြောသည်။
‘‘အစိုးရအဖွဲ့ဆီကို တင်ပြ ထားဆဲဖြစ်ပါတယ်။ အကြောင်း ပြန်ကြားလာရင်တော့ သစ်တော ကြိုးဝိုင်း ပြန်လည်စုဖွဲ့ဖို့ဖြစ်စေ၊ ဒါ ကတော့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ် ချက်နဲ့ ပြန်လည်ညှိနှိုင်းဆောင် ရွက်မှာ ဖြစ်ပါတယ်’’ဟု နေပြည် တော်တွင် မေလ ၂၁ ရက်က ပြုလုပ်သော အစိုးရသုံးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲ၌   ပြော သည်။ ယင်းကိစ္စကို အင်းလေး ဒေသခံများ ကန့်ကွက်မှုကြောင့် ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် ကော်မတီကို ၂၀၁၈ က ဖွဲ့စည်း စစ်ဆေးဆောင်ရွက်နေခြင်းဖြစ် သည်။အဆိုပါ ကော်မတီ အစီရင် ခံစာတွင် စီမံကိန်းကို ပယ်ဖျက်၍ သဘာဝကြိုးဝိုင်းတော ပြန်လည် ဆောင်ရွက်ရန် ပါရှိသဖြင့် အစိုးရ အဖွဲ့ထံ တင်ပြထားကြောင်း ဒေါက်တာညီညီကျော်က ဆို သည်။

‘‘အစိုးရအဖွဲ့က ခွင့်ပြုရင် တော့ ကြိုးဝိုင်းပြန်ဖွဲ့ဖို့ ဆောင် ရွက်ဆဲဖြစ်ကြောင်း ဖြေကြားလို ပါတယ်’’ဟု ၎င်းက ရှင်းပြသည်။

ရှမ်းပြည်နယ် ညောင်ရွှေမြို့ နယ် အင်းလေးကန်ဒေသတွင်း ရှိ မိုင်းသောက်ကျေးရွာအုပ်စု သကြားစက်အတွင်း ကွင်းအမှတ် (၃၇) မြေဧက ၉၀ ပေါ်တွင် ဦးထွန်းနိုင်ရွှေ၏ Myanmar Naing Group ကုမ္ပဏီက ဟိုတယ် တည်ဆောက်ရန် မြေလွတ်၊ မြေ လပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်ရရှိရေး လျှောက်ထားခြင်းဖြစ်သည်။

ထိုသို့ လျှောက်ထားမှုကို အင်းလေးဒေသခံများက ကန့် ကွက်ပြီး ယင်းဧရိယာကို ဘေးမဲ့ တောအဖြစ် ပြန်လည်သတ်မှတ် ရန် တောင်းဆိုသည်။ အဆိုပါ နေရာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တိုင်းပြည်အာဏာရယူထားစဉ် ၂၀၁၁ မတ်လ ၁၀ ရက်တွင် ဘေးမဲ့တောစာရင်းမှ ပယ်ဖျက် ထားခြင်းဖြစ်သည်။

ထို့အတူ အင်းလေးကန်ကို ၁၉၈၅ ကတည်းက အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟု ဖွဲ့စည်းပြီး အဆိုပါ ဟိုတယ် စီမံ ကိန်းနေရာသည်   သဘာဝသစ်တောကြိုးဝိုင်းနေရာ သတ် မှတ်ထားရာမှ ၂၀၁၁ တွင် အ ကြောင်းအမျိုးမျိုးကြောင့် လုပ် ငန်းရှင်တစ်ဦးထံ ပါသွားခြင်းဖြစ် ကြောင်း ဒေါက်တာညီညီကျော် က ပြောသည်။

‘‘အဲဒီလုပ်ငန်းရှင်က အဲဒီ တုန်းက ဘာမှမလုပ်ဘဲနဲ့ ပြီးခဲ့တဲ့ နှစ်ကမှ ဟိုတယ်ဆောက်ဖို့ စတင် ဆောင်ရွက်တယ်လို့ သိရပါ တယ်။ အဲဒီလို မြေရှင်းတဲ့အခါ မှာ ဒေသခံတွေက ကန့်ကွက်ပါ တယ်’’ဟု ၎င်းက ရှင်းပြသည်။

အဆိုပါကိစ္စ ကွင်းဆင်းစစ် ဆေးထားသည့် ကော်မတီအစီရင် ခံစာတွင်လည်း ယင်းဧရိယာကို ဘေးမဲ့တောအဖြစ် ပြန်လည် သတ်မှတ်မည်ဆိုပါက အင်းလေး ကန် ရေရှည်တည်တံ့စေရေး၊ ရေ ဝပ်ဒေသ ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ ထိန်းသိမ်းရေးလုပ် ငန်းများ ဆောင်ရွက်လာနိုင်မည် ဟု ဖော်ပြထားသည်။ အင်းလေးတွင် ဟိုတယ် ဆောက်ရန် ဆန္ဒရှိသူများနှင့် ပတ် သက်၍ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က ‘‘အင်း လေးမှာ မိုးမရွာတော့ပါဘူး။ မိုးရ ဖို့၊ မိုးရေခံဖို့ အခြေအနေမကောင်း တော့ပါဘူး။ အဲဒီတော့ အင်းလေး မှာ ရေတောင်ခန်းခြောက်နေပြီ။ ဟိုတယ်သွားဆောက်ရင်တော့ ဒီအချိန်မှာတော့ နည်းနည်းတော့ စဉ်းစဉ်းစားစား လုပ်ပါလို့ အကြံ ဉာဏ်ပေးချင်ပါတယ်’’ဟု  ဆို သည်။

No comments:

Post a Comment