Thursday, May 23, 2019

အကြမ်းဖက်ရန် စိုးရိမ်သဖြင့် ရန်ကုန်လေဆိပ်လုံခြုံရေး ပြည်ထဲရေးဒုဝန်ကြီး စစ်ဆေး

 လုံခြုံရေးကျိုးပေါက်မှု မရှိစေရေးနှင့် ခရီးသည်များ လုံခြုံ စွာ သွားလာနိုင်ရေး ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယမန်နေ့တွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံစစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။  လေဆိပ်လုံခြုံရေး ကျိုး ပေါက်မှု မရှိစေရေး၊ ခရီးသည် များ လုံခြုံအေးချမ်းစွာ သွားလာ နိုင်ရေးနှင့် လေဆိပ်ဖွံ့ဖြိုးတိုး တက်ရေး လေကြောင်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လေ ဆိပ်ဝန်ဆောင်မှုကုမ္ပဏီတို့ ညှိ နှိုင်းပူးပေါင်းဆောင်ရွက်ရန် ဗိုလ်ချုပ်အောင်သူက မှာကြားခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။


 အကြမ်းဖက်သမားများက မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေကြောင်း မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က ပြောကြားထားမှုနှင့် ပတ်သက်ပြီး စိုးရိမ်မှုရှိ၍ လုံခြုံ ရေး ကြပ်မတ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးကပြောသည်။

‘‘မလေးရှားနိုင်ငံက ပြောခဲ့ တာက မြန်မာနိုင်ငံမှာ အကြမ်း ဖက်သမားတွေလာဖို့နဲ့ ပတ်သက် ပြီး မလေးရှားရဲချုပ်တို့က သတင်း ထုတ်ပြန်ထားတာ ရှိတယ်လေ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန် တော်တို့ နိုင်ငံမှာတော့ စိုးရိမ်မှု တော့ ရှိတာပေါ့လေ။ ဒါကြောင့်မို့ ရန်ကုန်လေဆိပ်က အရေးကြီး တယ်လေ။ ဒါကြောင့်မို့ စစ်ဆေး ကြပ်မတ်ပေးတာပါ’’ဟု ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။ မေလ ၁၄ ရက်တွင် မလေး ရှားနိုင်ငံရှိ မြန်မာသံရုံးအပါအဝင် ဗုဒ္ဓဘာသာဘုရားကျောင်းများကို ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်နေသည့်အကြမ်းဖက်သမား လေးဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် မြန်မာသို့သွားရောက်တိုက်ခိုက်ရန် စီစဉ်နေသည်ဟု မလေးရှားရဲတပ်ဖွဲ့ က ပြောကြားထားသည်။

No comments:

Post a Comment